kaunghtet ရဲ့
တင်နည်းလေးသိချင်ပါတယ်ကူညီပေးပါခင်ဗျာ... ဆိုလို့ ကျွန်တော် firmware တင်နည်းလေး ပြောပြလိုက် ပါတယ်ခင်ဗျာ.
Firmware တင်နည်းကတော့ အမျိုးမျိုးရှိပါတယ်.. အလွယ်ဆုံးနည်းကိုပဲပြောပြပေးလိုက် ပါတယ်ခင်ဗျာ.
အရင်ဆုံး Firmware ကိုဒေါင်းလိုက်ပါ.................
ဒေါင်းလို့ရတဲ့ zip / rar ဖိုင်လေးကို right Click နှိပ်ပီး ဖြည်လိုက်ပါ... အဲဒီအခါ dload folder လေးကို တွေ့ရပါလိမ့်မယ်..
အဲဒီ dload folder ကိုဖွင့်ကြည့်လိုက်ရင် update.app လေးကိုတွေ့ရတတ်ပါတယ်. တခါတလေ dload folder ထဲမှာ update.zip ဆိုပီးတွေ့ရတတ်ပါတယ်.. update.zip ဆိုရင်တော့ အောက်မှာ ရှိတဲ့ update.zip ဖြင့်ပြုလုပ်ခြင်း မှာကြည့်လိုက်ပါ... ပထမဆုံး အနေနဲ့ update.app ဖြင့်ပြုလုပ်ခြင်း ကိုဖော်ပြပါမယ်..
update.app ဖြင့်ပြုလုပ်ခြင်း
> အဲဒီ dload folder လေးကို ဘာမှမရှိသေးတဲ့ SD card 2 GB / 4 GB ထဲကိုထည့်လိုက်ပါ.. SD
ကတ်ထဲမှာ ကိုယ့်ရဲ့ DATA တွေ ရှိတယ်ဆိုရင်တော့ ကွန်ပျူတာထဲထည့်ထားလိုက်ပါ .. SD ကတ်ကို
Format လုပ်လိုက်ပါ...
>> dload folder တစ်ခုလုံးကို SD card ထဲကိုထည့် >> ဖုန်း Battery ဖြုတ် >> SD ကတ်ကို
ဖုန်းထဲပြန်ထည့် >> ဖုန်း Battery ပြန်တပ် .... ( ဖုန်း Batttery ဖြုတ်ပီးရင် အနည်းဆုံး 5
second လောက်တော့စောင့်နေပေးပါ... )
>> ပီးရင် ဖုန်းမှာရှိတဲ့ Volume up + down + Power ခလုတ်(၃) ခု( ALL Key ) ကို တွဲနှိပ်လိုက်ပါ ။
အဲဒီအခါ Firmware ကို Step 1/2/3 ဆိုပီး ၃ ဆင့်နဲ့ပြုလုပ်နေတာကိုတွေ့ရပါလိမ့်မယ်.. step 3
မှာတော့ Firmware တင်လို့ပီးသွားပါပီခင်ဗျာ....
Firmware အသစ်တင်ပီးတိုင်း ဖုန်းကိုပြန်ဖွင့်တဲ့အခါမှာ အနည်းငယ်ကြာတတ်ပါတယ်. ဒါဟာလဲ
ပထမဆုံးဖွင့်တဲ့အခါမှာပါ. နောက်ပိုင်းတော့မကြာတော့ပါဘူး...
ကဲ.. ဒါဆိုရင်တော့ dload folder ထဲမှာ update.app တွေ့တယ်ဆိုရင်
အပေါ်ကနည်းအတိုင်းအဆင်ပြေမယ်လို့ယူဆပါတယ်..
update.zip ဖြင့်ပြုလုပ်ခြင်း
> ဒေါင်းယူထားတဲ့ dload folder ထဲမှာ update.zip ဆိုရင်တော့ အပေါ်ကနည်းအတိုင်း
လုပ်လို့မရတော့ပါဘူး..
>> အရင်ဆုံး dload folder ကို SD ကတ်ထဲထည့်လိုက်ပါ.. ဖုန်း Battery ဖြုတ် >> SD ကတ်ကို
ဖုန်းထဲပြန်ထည့် >> ဖုန်း Battery ပြန်တပ် .... ( ဖုန်း Batttery ဖြုတ်ပီးရင် အနည်းဆုံး 5
second လောက်တော့စောင့်နေပေးပါ... )
>> ပီးရင် ဖုန်းကို Recovery Mode ထဲကိုဝင်ရပါမယ်.. Recovery Mode ဆိုတာကတော့ ဖုန်းက
Volume up + Power နှစ်ခုကို တွဲနှိပ်လိုက်ပါ.. Recovery Mode ထဲရောက်သွားပါလိမ့်မယ်..
>> Apply update from sd card ဆိုတာလေးရှိတဲ့ စာတမ်းလေးကို Volume up /
down လေးကိုနှိပ်ပီး သွားလိုက်ပါ. ပီးရင် Power ခလုပ်လေးကိုနှိပ်ပီး Firmware
တင်ပေးလိုက်ပါ. ဒါဆိုရင်တော့ OK ပါပီ. ..
ဒီပို့စ် လေးနဲ့ သင်ဆရာ ၊ ကြားဆရာ ၊ မြင်ဆရာ အားလုံးကို ဂါရ၀ပြုလိုက်ပါတယ်ခင်ဗျာ.
အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky
Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။
1 comments:
UTOO 59. ဖုန်းရဲ့ firmware ကိုလိုချင်ပါတယ်ခင်ဗျား။ အဲ့ဒီဖုန်းကို root လုပ်လိုက်တာ ပြန်တက်မလာတော့လို့ပါ ကျွန်တော်က ဆိုင်မသွားဘဲ ကိုယ့်ဘာသာကိုယ် ကလိလိုက်တာပါ ကျေးဇူးပြုပြီး နည်းလမ်းလေးပြောပေးပါလားခင်ဗျား လေးစာစွာဖြင့်
Post a Comment