Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Thursday, August 21, 2014

အော်ရီဒူး အင်တာနက် Package Plan အသစ်ကြေညာ


အင်တာနက်အသုံးပြုခတွေ ဈေးနှုန်းမြင့်နေတယ်လို့ ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရပြီး မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှု ပေးနေတဲ့ ကာတာပိုင် အော်ရီဒူး ကုမ္ပဏီဟာ သူရဲ့ နောက်ထပ် အင်တာနက်ဝန်ဆောင်မှု အသစ်တွေနဲ့ နှုန်းထားသစ်တွေကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နဂို အင်တာနက် Package Plan တွေမှာ အများဆုံး ၁ ဂျီဘီအထိပဲ ပါပြီး အခုနောက်ထပ်
အစီအစဉ်မှာတော့ ၂ ဂျီဘီကို ကျပ် ၁၉၀၀၀၊ ၅ ဂျီဘီကို ကျပ် ၄၅၀၀၀ နဲ့ ၁၀ ဂျီဘီကို ကျပ် ၇၉၀၀၀ လို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။

Package Plan တွေအားလုံးရဲ့ သက်တမ်းဟာ ရက်ပေါင်း ၃၀ ဖြစ်ပြီး ဖုန်းနံပတ် ၂၂၃၈ ကို နှိပ်ပြီး ရယူနိုင်ကြတယ်လို့ ကြေညာထားပါတယ်။

နဂို အစီအစဉ်တွေမှာတော့ ၁ ရက်အတွင်း ၃၀ အမ်ဘီ အသုံးပြုရင် ကျပ် ၅၀၀၊ ၁ ပတ်အတွင်း ၂၀၀ အမ်ဘီ အသုံးပြုရင် ကျပ် ၃၀၀၀၊ ၁ လအတွင်း ၁ ဂျီဘီ အသုံးပြုရင် ကျပ် ၁၂၀၀၀ စတဲ့ Package Plan တွေ ကြေညာထားပြီး ဖြစ်ပါတယ်။

credit >> သစ်ထူးလွင်



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment