Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Thursday, October 16, 2014

တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို ♪


Photo: တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို
==================================================

(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနောဆင်းမ်ကတ်များအား ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ကွန်ရက်ပြည့်စုံရန်လုပ်ဆောင်နေခြင်းကြောင့် နောက်ကျရခြင်းဖြစ်ပြီး မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများရရှိခဲ့သည့်အတွက် ရန်ကုန်၌ လည်း ကွန်ရက်ကျပ်တည်းမှု၊အဆင်မပြေမှုများဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာစဖြန့်တော့မျှော်မှန်းထားတာထက်အောင်မြင်မှုရပါတယ်။သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ်ဆိုပေမယ့်လည်း၉၀၀လောက်မှာပဲရောင်းချပေးခဲ့နိုင်တယ်။ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။3Gကလည်းသုံးစွဲသူတွေများတဲ့အတွက်အရည်အသွေးကျနိုင်ပါတယ်။အင်တာနက်နှေးနိုင်ပါတယ်။အဲဒါတွေမဖြစ်ရအောင်တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့တည်ဆောက်သွားမှာပါ။နေပြည်တော်မှာဆိုလည်းတာဝါတိုင်ပေါင်း၉၀နဲ့စခဲ့တယ်ဆိုပေမယ့်တစ်ချို့နေရာတွေမှာလိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ်ဖို့အတွက်တိကျအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနောဆင်းမ်ကတ်များအားစောင့်မျှော်နေကြသည့်လက်လီအရောင်းဆိုင်များ၊လက်ကားဖြန့်ဖြူးရောင်းချမည့်ဆိုင်ကြီးများအနေဖြင့်လည်းသုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများရှိနေပြီးသတ်မှတ်ရက်ကိုမူတိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ဆိုင်များထံမှသိရသည်။တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇကိုကို
(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနောဆင်းမ်ကတ်များအား ရန်ကုန်၌ ရာင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ ကွန်ရက်ပြည့်စုံရန်လုပ်ဆောင်နေခြင်းကြောင့် နောက်ကျ ရခြင်းဖြစ်ပြီး မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများရရှိခဲ့သည့်အတွက် ရန်ကုန် ၌ လည်း ကွန်ရက်ကျပ်တည်းမှု၊ အဆင်မပြေမှုများဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာစဖြန့်တော့ မျှော်မှန်းထားတာထက် အောင်မြင်မှုရပါတယ်။ သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ် ဆိုပေမယ့်လည်း ၉၀၀လောက်မှာပဲရောင်းချပေး ခဲ့နိုင်တယ်။ ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။ 3Gကလည်းသုံးစွဲသူတွေများတဲ့အတွက် အရည်အသွေးကျနိုင်ပါတယ်။ အင်တာနက်နှေးနိုင်ပါတယ်။ အဲဒါတွေမဖြစ်ရအောင် တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့ တည်ဆောက်သွားမှာပါ။ နေပြည်တော်မှာ ဆိုလည်းတာဝါတိုင်ပေါင်း ၉၀နဲ့စခဲ့တယ်ဆိုပေမယ့် တစ်ချို့နေရာတွေမှာ လိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ် ဖို့အတွက်တိကျအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။ တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနော ဆင်းမ်ကတ်များအား စောင့်မျှော်နေကြသည့် လက်လီအရောင်းဆိုင်များ၊ လက်ကားဖြန့်ဖြူးရောင်းချမည့် ဆိုင်ကြီးများအနေဖြင့်လည်း သုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများ ရှိနေပြီးသတ်မှတ်ရက်ကိုမူ တိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ ဆိုင်များထံမှ သိရသည်။ တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇကိုကို

TechSpace Journal



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment