Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Wednesday, October 1, 2014

ဝန်ဆောင်မှု ညံ့ဖျင်းသထက် ညံ့ဖျင်းလာသည့် KBZ Bank နှင့်ငွေကြေးကိုင်တွယ်မှုအမှားများ


KBZ Bank နှင့်ပတ်သက်ပြီး ယခုတစ်လော ဝေဖန်မှုများ ညည်းညူသံများ ကျယ်ကျယ်လောင်လောင် ပေါ်
ထွက်လာနေပါတယ်..ယခု KBZ Bank စနစ်အသုံးပြုသူ User တစ်ဦးရဲ့ ရင်ဖွင့်သံကို KBZ အသုံးပြုသူများ သိရှိသတိထားနိုင်အောင် တင်ပေးလိုက်ပါတယ်။ မူရင်း Link ကတော့ https://www.facebook.com/WattMoeMoe?fref=ts မှာဖြစ်ပါတယ်။



 ''' KBZ atm အသုံးပြုသူများ သတိထားကြပါ။မနေ့က ကျွန်တော် PM$ ၅၀ ရောင်းထားလို့ ၀ယ်တဲ့သူက သွင်းပြီးကြောင်း ဓာတ်ပုံ ပို့လာတော့ ကျွန်တော် လည်းကိုယ်ရောက်နေတဲ့ အောင် မင်္ဂလာ အဝေးပြေးဝင်းမှာ ရှိတဲ့ KBZ atm မှာ ထုတ်ဖို့လုပ်တော့ ငွေထုတ်ရန်ဆိုတာမတွေ့တာနဲ့ လုံခြုံရေးတွေမေးကြည့်တော့ လခထုတ်ရက်မို့ငွေကုန်နေတယ်ဆိုတာနဲ့ အနီးက CB atm မှာ ထုတ်တော့ ငွေမလောက်လို့ ၀န်ဆောင်မှုမရရှိနိုင်သေးပါတဲ့။ ကျွန်တော်လည်းငွေ ထည့်ထားတာမရောက်လို့ထင်ပြီး ထည့်ပေးတဲ့သူကို မ၀င်သေးကြောင်းပြောထားလိုက်တယ်။ ပြီး တော့ကျွန်တော်လည်း တွေ့တဲ့ atm မှာ ထပ်ထုတ် ကြည့်တယ်။ မရဘူး။ အဲဒါနဲ့ ဒီနေ့ ငွေထည့်ပေးတဲ့သူကို card ဋ္ဌာန ကိုဖုန်းဆက်ပြီး မေးခိုင်းတော့ ထည့်ပြီးပြီဆိုတာနဲ့ KBZ atm ကိုရအောင်ထပ်ရှာပြီး statement ထုတ်လိုက်တော့မှ ၆သောင်းဝင်ပြီး ၆၅၀၀၀ ပြန်ထွက်ထားတာတွေ့တယ်။ ကျွန်တော်လည်း card ဋ္ဌာန ကို ဆက်ပြီး ပြောတော့ CB စက်ကနေဖြတ်သွားတာတဲ့။ အဲဒါဆို ကျွန်တော် CB ကို သွား ပြီး complain တက်ရမလားဆိုတော့ သူတို့ ဖြေရှင်းပေးပါ့မယ်တဲ့၊ ဒါပေမယ့် သူတို့ စက်မဟုတ်တဲ့အတွက် ဗဟိုဘဏ်ကနေတဆင့် ပြောပြီးစစ်ရမှာဖြစ်တဲ့အတွက် ၁ပတ် ၁၀ရက်စောင့်ပါတဲ့ဗျာ။ ကျွန်တော်လည်းပြောလိုက်တယ် ၊ အဲဒီလိုဆိုရင် ခင်ဗျားတို့ ကဒ်ကို ဘယ်လိုယုံကြည်ပြီးသုံးရမလဲ ဆိုတော့ connection ကိုအပြစ်ပုံချတယ်ဗျာ။ connection မကောင်းရင် ထုတ်မရတာတော့ အပြစ်မပြောပါဘူးဗျာ။ အခုဟာက connection မကောင်းဘူးဆို ဘာလို့ အကောင့်ထဲက ငွေ ကျတော့ဖြတ်လို့ရလဲ။ ကျွန်တော်ပြောချင်တာကတော့ atm, mpu ကဒ်သုံးနေတဲ့သူတွေ သတိထားပြီး ကျွန်တော့်လိုမဖြစ်အောင်၊ ဖြစ်နိုင်ရင် မသုံး တာပိုစိတ်ချရမယ်ထင်လို့ပါ။ တကယ်လို့ သူတို့ နဲ့မဆိုင်ပါဘူးပြောရင် ဘာမှမလုပ်နိုင်ဘူးလေ။ သူတို့တပ်ထားတဲ့ cctv ကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ကြည့်လို့လဲရမှာမဟုတ်ဘူးလေ။ တကယ်လို့ အဲဒီ ငွေကသေရေးရှင်ရေးအတွက်ဆိုရင် ဘယ့်နှယ့်လုပ်ကြမလဲဗျာ။ ကျွန်တော်တို့ပြည်သူတွေလဲ ခံရတဲ့ ဘက်ကကို မလွတ်နိုင်ပါလားဗျာ။ ဘယ်တော့မှ အသားလွတ်ခံရတဲ့ ဘ၀ ကနေလွတ်မလဲမသိဘူး။ KBZ ရေ.. ငါ့လိုလူဘယ်နှစ်ယောက်ရှိပြီလဲဟေ့........ '''

0 comments:

Post a Comment