Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Thursday, September 19, 2013

Audio CD ထဲက .cda file တွေကိုဘာဆော့ဝဲလ်မှမသုံးပဲ MP3 ပြောင်းကြမယ်


တစ်ခါတစ်ရံမှာ Audio CD ထဲကသီချင်းတွေ/
အသံ တွေကိုမိမိကွန်ပျူတာထဲမှာသိမ်းချင်တဲ့အခါ
ရိုးရိုး Copy / Paste လုပ်လို့မရပါဘူး..
လုပ်လို့တော့ရပါတယ်...ဒါပေမဲ့ Copy ကူး
ထားတဲ့ဖိုင်တွေက Shotcut တွေဖြစ်ပီးပြန်
နားထောင်လို့မရတော့တာကို ကြုံဖူးကြမှာပါ.
အဲဒီအတွက် ဆော့ဝဲလ်တွေကိုအသုံးပြုကြရပါတယ်..
ဒီတစ်ခါတော့ဘာ ဆော့ဝဲလ်မှမသုံးပဲ
လွယ်လွယ်ကူကူနဲ့  MP3 ဖိုင်ကို
ယူကြရအောင်ဗျာ..ကဲ..စကြရအောင်နော်..
ပထမဆုံးအနေနဲ့ >>>Audio CD ကိုကွန်ပျူတာထဲ
ထည့်လိုက်တဲ့အခါ Auto run အနေနဲ့ Auto Play
လေးတက်လာတာကိုတွေ့ကြမှာပါ..အဲဒီမှာ
Auto Play မှာ Menu အကွက်တွေထဲမှာ
Rip music from CD ဆိုတဲ့အကွက်လေးကို
တွေ့မှာပါနော်..အဲဒါကိုကလစ်လိုက်ပါ...
အဲဒီမခါမှာ Window Media Player နဲ့
Rip Menu ပေါ်လာပါမယ်.............
Window Media Player ဟာ
default အနေနဲ့ WMA format နဲ့
Music folder မှာသိမ်းဆည်းပေးပါတယ်။
File format ကို ပြောင်းချင်ရင်တော့
Rip setting menu ထဲမှာပြောင်းနိုင်ပါတယ်။
ဒုတိယအနေနဲ့ >>> AutoPlay menu
မပေါ်ခဲ့ရင်လည်း Window Media Player ကို
ဖွင့်ပြီး Rip setting menu ကနေ .cda file ကို
နှစ်သက်ရာ file format နဲ့ကွန်ပျူတာအတွင်း
ကူးယူနိုင်ပါတယ်။ Rip လုပ်ထားတဲ့ဖိုင်တွေကို
Music Folder မှာသိမ်းဆည်းပေးပါတယ်။
Music Folder လမ်းကြောင်းကိုမသိရင်
WindowMedia Player ရဲ့ Tool>Options ကို
နှိပ်ပြီး Rip Music မှာကြည့်နိုင်ပါတယ်။
ကဲဒါဆိုရင်တော့ အားလုံး အိုကေပီနော်..

စမ်းပြီးလုပ်ကြည့်ပါနော်..ကျေးဇူးတင်ပါတယ်ခင်ဗျာ... 






Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ဗျာ

0 comments:

Post a Comment