Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Monday, September 30, 2013

Huawei Ascend G300 (u8815) Root & မြန်မာ Font



မိတ်ဆွေများအတွက် Huawei Ascend G300(u8815)
Root လုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်ဗျာ..
Root မလုပ်ခင် CWM-Easy-Installer နဲ့
Root ဖိုင်(၂)ခုတော့လိုအပ်ပါတယ်..
အဲဒါလေးကိုအောက်မှာဒေါင်းလိုက်ပါဗျာ.
ပြီးမှအခုပြောပြထားတဲ့အတိုင်းလိုက်ပြီး
လုပ်လိုက်ပါ..

- Settings > Applications > Fast Boot > Disable
- Settings > Applications > Unknown Source > Enable
- Settings > Applications > Development > USB Debugging > Enable

အပေါ်က လုပ်ဆောင်ချက်တွေ ပီးသွားပီဆိုရင်တော့ စပီး CMW ကို တင်ပါတော့မယ် ။
ဖုန်းကို Shutdown ချပါ ၊ ဖုန်း Battery ကိုဖြုတ်ပါ
၅ စက္ကန့်လောက်နေရင် Battery ကို ပြန်တပ်ပါ ။
( Vol - ) + ( Power )  ကို နှိပ်ထားပါ ။ Huawei Logo လေး ပေါ်ပီး ရပ်နေပီ ဆို
နှိပ်တာရပ်လိုက်ပါ ။ ဆက်ပီးပေါ်နေပါလိမ့်မယ် ။ ဒေါင်းလို့ရတဲ့
Zip ဖိုင်ထဲက CWM-Easy-Installer ဆိုတဲ့ Zip ဖိုင်လေးကို ဖြည်ပါ ။ Folder ကိုဖွင့်ပါ ။ install-
cwmrecovery-windows.bat ဆိုတာလေးကို တွေ့ပါလိမ့်မယ် ။ Run လိုက်ပါ ။ Command
Box ပေါ်လာပီ စ လုပ်ဆောင်နေပါပီ ။ Waiting for Device ဆိုတာ မှာ ရပ်သွားပါမယ် ။
ဒါဆိုရင် ဖုန်းကို USB ကြိုးကနေ တဆင့် Computer ကို ချိတ်လိုက်ပါ ။ Driver ကို Auto
ရှာပါလိမ့်မယ် ။ ရှာလို့တွေ့သွားပီးဆို  install-cwmrecovery-windows က ဆက်ပီး Run
သွားပါလိမ့်မယ် ။ပီးသွားပီဆိုရင်  install-cwmrecovery-windows  ကိုပိတ်ပါ ။
ဖုန်းကို Computer ကနေဖြုတ်လိုက်ပါ ။
Battery ကို ဖြုတ်လိုက်ပါ ။
Battery ကို ပြန်တပ်ပါ ။
( Vol + ) + ( Power ) ကိုနှိပ်ထားပါ ။ Recovery Mode ထဲရောက်သွားပါလိမ့်မယ် ။
( Vol + , - နဲ့ အပေါ်အောက်ရွေးနိုင်ပါတယ် ။ Home က အထဲဝင်တာပါ ။ Back ကတော့
ပြန်ထွက်တာပါ )

ဒါဆိုရင် CMW တင်တာ အောင်မြင်စွားပီးစီးသွားပါပီ။
ခုက စပီး Root ပါတော့မယ် ။ဖုန်းရဲ့ SD card ထဲကို Down လို့ရထားတဲ့
Zip ဖိုင်ထဲက  root by FMAM ကို ထည့်ထားပါမယ် ။ ( Folder ဆောက်ပီး
ထည့်မထားပါနဲ့ ။ အပြင်မှာပဲ ထားပါ ။
ဖုန်းဖွင့်ထားတယ်ဆိုရင် Shutdown ချလိုက်ပါ ။ ( Vol + ) + ( Power ) ကိုနှိပ်ထားပါ ။
Recovery Mode ထဲရောက်သွားပါလိမ့်မယ် ။
- install zip from sdcard
ဆိုတာကိုရွေးပါမယ် ။ ( Vol + , - နဲ့ အပေါ်အောက်ရွေးနိုင်ပါတယ် ။ Home က
အထဲဝင်တာပါ ။ Back ကတော့ ပြန်ထွက်တာပါ )
အထဲမှာ root by FMAM.zip ဆိုတာလေးကို ထပ်ရွေးပေးလိုက်ပါ ။
အဲ့ဒါဆို Root လုပ်နေပါလိမ့်မယ် ။
Root Successful ဖြစ်သွားပီဆိုရင် အပြင်ကိုထွက်ပီး reboot system now ကို နှိပ်လိုက်ပါ ။
Restart ကျသွားပါလိမ့်မယ် ။ ဖုန်းပြန်တတ်လာတာကိုစောင့်ပါ ။ ကိုယ့် App ထဲမှာ မျက်စိ ၁
ဖတ်ပိတ်ထားတဲ့ လူမိုက် စက်ရုပ်လေး Superuser ပေါ်လာပီဆိုရင် Root
လုပ်တာအောင်မြင်စွာပီးစီးသွားပါပီ ။ လူ ၁ ဦး ၁ ယောက်အတွက် အဆင်ပြေတယ်ဆိုရင်ပဲ
ကျေနပ်မိမှာပါ ။ အားလုံး အဆင်ပြေကြပါစေဗျာ ။ ( စပိန် Site ၁ ခုကိုမှီငြမ်းပီး
စမ်းလုပ်ထားတာပါ  )
ကျွန်တော်ကတော့ မလုပ်ဖူးသေးပါဘူး..ကျွန်တော်တို့ရဲ့
နည်းပညာအကိုကြီး Winkabarkyaw ရဲ့ပို့လေးကို
ပြန်ပြီးမျှဝေလိုက်တာပါနော်..အမှားပါခဲ့ရင်ခွင့်လွှတ်ပေးပြီး
လိုအပ်တဲ့နေရာလေးများကိုစာလေးရေးပြီးမှာကြားခဲ့ကြပါဗျာ.


CWM-Easy-Installer

 ==============================================
Root


အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment