Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Sunday, September 29, 2013

မိမိကွန်ပျူတာရဲ့ CPU နဲ့ Memory



ဒီတစ်ခါအကြောင်းအရာလေးကတော့ မိတ်ဆွေများ
အားလုံးသိပြီးသားပါ.. မသိသေးတဲ့သူတွေအတွက်
တော့ ဗဟုသုတအနေနဲ့ရော နည်းပညာအနေနဲ့ရော
ရစေဖို့ပြန်တင်ပေးလိုက်ပါတယ်ဗျာ...

ကျွန်တော်တို့အသုံးပြုနေတဲ့ကွန်ပျူတာမှာ
CPU နဲ့ Memory ဆိုတာအရေးပါတယ်ဆိုတာအားလုံး
လဲသိပြီးသားပါ။ အဲဒါကြောင့်ကိုယ်သုံးနေတဲ့
ကွန်ပျူတာက CPU နဲ့ Memory ဟာဘယ်လောက်ထိ
အလုပ်လုပ်သေးလဲ ? ဘယ်လောက်ထိ
စွမ်းဆောင်နိုင်လဲ ? ဆိုတာသိဖို့လိုအပ်ပါတယ်။
အဓိကကတော့ မိမိကွန်ပျူတာက CPU နဲ့ Memory ကို
Upgrade လုပ်သင့်/မလုပ်သင့်ဆိုတာကို
သိဖို့ပိုအရေးကြီးပါတယ်။ လုပ်သင့်/မလုပ်သင့်
သိဖို့အောက်မှာပုံနဲ့ရှင်းပြထားပါတယ်နော်..

(၁)    Window Tesk Manager ကိုဖွင့်လိုက်ပါ။ Tesk Manager ကို
        ဖွင့်ဖို့အတွက် Keyboard မှ Ctrl+Alt+Del / delete ကိုတွဲနှိပ်လိုက်ပါ။
        ဒါမှမဟုတ် Mouse ကို Window မှ teskbar ပေါ်ကို Right click နှိပ်ပြီး
         ပေါ်လာတဲ့စာတမ်းတွေမှ Start Tesk Manager ကို click လိုက်ပါ။




(၂)    Task Manager ပွင်လာပြီဆိုလျင် Performance Tab ကို click လိုက်ပါ။
        အဲဒီ Tab ရဲ့အောက်မှာကြည့်လိုက်ပါ။ CPU Usage  နဲ့ Memory ဆိုတဲ့နေရာကို
       တွေ့ပါလိမ့်မယ်။အဲဒီနေရာတွေမှာ CPU နဲ့ Memory တို့ရဲ့အလုပ်လုပ်နေ
        ပုံကိုဖော်ပြနေပါလိမ့်မယ်။




တကယ်လို့ CPU ဟာသူ အလုပ်တွေအရမ်းလုပ်နေရတယ်ဆိုရင် CPU Usage
ဆိုတဲ့နေရာမှာအစိမ်းရောင်တန်းလေးဟာ အပေါ်ကိုတက်နေတာကိုတွေ့ရပါ
လိမ့်မယ်နော်။အဲဒီအချိန်မှာဘာတွေဖြစ်တတ်သလဲဆိုတော့ မိမိ ကွန်ပျူတာဟာ
စိတ်ညစ် စရာကောင်းလောက်အောင်လေးလံနေပါလိမ့်မယ်။ အဲဒါဆိုရင်တော့
CPU ကိုUpgrade လုပ်ဖို့လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ Memory ကိုပါ
ထပ်တိုးလိုက်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။ မိမိကွန်ပျူတာက Memory ဟာ
အရင်က1Gb ဆိုရင် 2Gb သာတိုးလိုက်ပါ။ သတိထားရမှာက မိမိကွန်ပျူတာကို
ဆော့ဖ်ဝဲတွေ Install လုပ်တော့မယ်ဆိုရင် အဲဒီ ဆော့ဖ်ဝဲရဲ့ Version ၊ မိမိကွန်ပျူ
တာက Memory မှာဘယ်လောက်နေရာယူမလဲ စတဲ့အချက်တွေကိုသိထား
ဖို့တော့လိုပါမယ်။အဲဒီအချက်တွေကြောင့်လဲ ကွန်ပျူတာက CPU နဲ့ Memory
တွေအလုပ်တွေပိုလုပ်နေရတာလဲပါပါတယ်။ အဲဒီလိုအချက်လေးတွေလဲထည့်
စဉ်းစားပြီးမိမိကွန်ပျူတာကိုအသုံးးပြုမယ်ဆိုရင်လဲပိုပြီးကောင်းပါတယ်။
ကဲဒါဆိုရင်တော့ ကွန်ပျူတာ CPU နဲ့ Memory နဲ့ပါတ်သတ်လို့အသေးစိတ်
မဟုတ်ပေမယ့် မသိသေးတဲ့ User တွေအတွက်တော့အကြမ်းဖျင်းလေးကိုတော့
နားလည်လောက်မှာလို့ယူဆပါတယ်နော်.. မိမိကွန်ပျူတာရဲ့ Performance တွေ
ကောင်းလာဖို့မိမိမှာလဲတာဝန်ရှိတယ်ဆိုတာသိစေဖို့အတွက်အကြံကောင်းလေး
ပေးလိုက်ပါတယ်ဗျာ..



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment