Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Wednesday, February 19, 2014

သင်ဟာ Designer လား၊ Developer လား၊ Programmer လား

 Photo: သင် Designer လား၊ Developer လား၊ Programmer လား
 ဒီမှာတော့ အားလုံး အသေးစိတ်ပြောသွားမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် Designer ဆိုတာ ဘယ်လိုဘာသာရပ်တွေကို တတ်ထားတဲ့ လူကိုခေါ်တာလဲ၊ Developer ဆိုတာ ဘယ်လိုဘာသာရပ်တွေကို တတ်ထားတဲ့လူတွေကို ခေါ်တာလဲ၊ Programmer ဆိုတာ ဘယ်လို ဘာသာရပ်တွေကို တတ်ထားတဲ့ လူတွေကိုခေါ်တာလဲ စသဖြင့် တင်ပြသွားမှာဖြစ်ပါတယ်၊(ပို့စ်ကို သုံးပိုင်းရေးမယ်၊ Designer ပိုင်း၊ Developer ပိုင်း၊ Programming ပိုင်းတွေအဖြစ်သုံးပိုင်း)၊
 Designer
 ဒီဇိုင်းမှာ တော့ အဓီက ဘာသာရပ် ၆ ခုပါမယ်၊ ဘာသာရပ် ၆ ခုလုံးကို အောက်က အတိုင်းတွေ့ရမယ်၊
 
HTML
CSS
CSS3
HTML5
JQuery
JavaScript

HTML

 HTML ဘာသာရပ်ကတော့ အခြေခံ အကျဆုံးနဲ့ အလွယ်ဆုံး ဘာသာရပ်ဖြစ်ပါတယ်၊ နာမည်အရင်းကတော့ Hyper Text Markup Language ဖြစ်ပါတယ်၊ လေ့လာရသာလွယ်ပီး WebDesigner တွေအတွက်ကော Web Developer တွေအတွက်ပါ မရှိမဖြစ်သုံးရတဲ့ ဘာသာရပ်ပါ၊ သူရဲ့ အဓီက တာဝန်ကတော့ Data Show လို့ခေါ်တဲ့ Web Data တွေကို ဖော်ပြခြင်းပါပဲ၊ ၀က်ဆိုက်မှာ ပါဝင်သမျှ Contents တွေအားလုံးကို HTML နဲ့ဖော်ပြနိုင်တယ် နေရာချနိုင်တယ်၊ HTML ဘာသာရပ်တစ်ခုထဲနဲ့ ၀က်ဆိုက်တည်ဆောက်နိုင်ပါတယ်၊ ဒါပေမယ့် အလွန်ရုပ်ဆိုးပီး အကန့်အသက် နဲ့ သာ အလှဆင်နိုင်တဲ့ဝက်ဆိုက်မျိုးတွေပဲရနိုင်ပါတယ်၊ HTML ရဲ့ လုပ်ပိုင်ခွင့်နဲ့ အစွမ်းက မပြင်းပေမယ့် သူက အခြား ဘာသာရပ်တွေအတွက် Data ဖော်ပြမူမှာ မရှိမဖြစ်လိုအပ်တဲ့ အတွက် necessary evil တစ်ကောင်လိုဖြစ်နေပါတယ်၊ အခြားဘာသာရပ်တွေဖြစ်တဲ့ CSS တို့ jQuery တို့ JavaScript တို့ရဲ့ အစွမ်းတွေ ဘယ်လောက်ကောင်းကောင်း HTML လို့ Data Show လုပ်တဲ့ ဘာသာရပ်မပါရင် အစွမ်းတွေကို ဘယ်သူမှမမြင်နိုင်တော့ပါဘူး ဒီတော့ Web Designer ကော Web Developer တွေအတွက်ပါ မဖြစ်မနေတတ်ထားသင့်တဲ့ဘာသာရပ်ပါ၊ HTML က Markup Tag တွေသာအသုံးပြုတဲ့ ဘာသာရပ် ဖြစ်တဲ့ အတွက် လေ့လာရ လွယ်လှပါတယ်၊ ၅ ရက်အတွင်း HTML သီးသန့်သုံးဝက်ဆိုက်တွေကိုဖန်တီးနိုင်ပါတယ်၊ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကတော့ HTML Tabel Nesting Site တွေကို သုံးကြသာ များပါတယ်၊ ခုနောက်ပိုင်းတော့ ဘယ်သူမှ Tabel Nesting Site တွေကို မသုံးတော့ပါဘူး ရေးတဲ့သူရှိလဲ မ၀ယ်တော့ပါဘူး၊ တစ်ချို့ Web Hosting ကုမ္မဏီတွေမှာတော့ Web API တွေရေးရာမှာ ဆက်လက်အသုံးချနေတာတွေ့နေရပါတယ်၊
 Web Designer ကော Web Developer ကော HTML ကို မဖြစ်မနေတတ်ထားရမယ်၊ Web Developer တွေအတွက်တော့ တွဲဖက် Designer ကောင်းရှိရင် မတတ်လဲရတယ်ဆိုပေမယ့် 5 ရက်လောက် အချိန်ပေးရင် အားလုံးပီးတဲ့ လိုအပ်တဲ့ ဘာသာရပ်ကို မတတ်တာထက်စာရင် တက်တာက ပိုကောင်းပါတယ်၊

CSS

 CSS ကတော့ ၀က်ဆိုက်လောကရဲ့ အလှပြင် ဘုရင်မပါပဲ၊ HTML က ဖော်ပြလိုတဲ့ WebData တွေကို ဖော်ပြသလို အဲ့ဒီ့ ဖော်ပြထားတဲ့ Data တွေရဲ့ အသွင်သဏ္ဍန် လှပမူအားလုံးအတွက် CSS က တာဝန်ယူပါတယ်၊ CSS ကို ကျွမ်းကျွမ်း ကျင်ကျင် မသုံးတတ်သေးရင် Designer တစ်ယောက်မဖြစ်သေးပါဘူး၊ တကယ်တော့ အခြား Programming Concepts ပါတဲ့ JavaScript , Ajax, PHP, Json တို့နဲ့ ဘယ်လောက်ပဲလုပ်ထား လုပ်ထား Designer တစ်ယောက်ရဲ့ ပြောင်မြောက်တဲ့ ၀က်ဆိုက် အလှဆင်မှူမပါရင် အဲ့ဒီ့ ဆိုက်ကိုရောင်းဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ ၀ယ်တဲ့ သူက မတတ်တဲ့လူလေ၊ သူလိုချင်တာ ၀က်ဆိုက် လှလှလေး၊ နောက်က လုပ်တဲ့ ကုတ်တွေကို သူလုံးဝ နားမလည်ဘူး၊ ဒီတော့ သူက ဆိုက် လှလား မလှလား ပဲကြည့်လိမ့်မယ်၊ ဆိုက်လှရင် ၀ယ်မယ် မလှရင်မ၀ယ်ဘူးပေါ့၊ နောက်က ကုတ်တွေ သေလောက်အောင် လုပ်ထားလဲ သူမသိဘူးလေ၊ အထူးသဖြင့် အွန်လိုင်းတဆင့် ရောင်းစားတဲ့ အခါမျိုးပေါ့၊ ဒီတော့ CSS ရဲ့ ကဏ္ဍက တကယ့်ကိုမှအရေးကြီးလှပါတယ်၊ ၀က်ဆိုက်ဝယ်မယ့်သူက ဆိုက်ကိုကြည့်လိုက်တာနဲ့  အခြားစာမျက်နှာတွေမသွားချင်တော့လောက်အောင် ပိတ်လိုက်ရမှာ နှမျှောလောက်အောင် ကောင်းဖို့လိုတယ်၊ အဲ့ဒီ့ အဆင့်လောက် ကိုလုပ်ထားမှတော်ရုံကြပါမယ်၊
 CSS ကတော့ Designer တစ်ယောက် ဖြစ်စေမယ့် အဓိက ဘာသာရပ်ပဲဖြစ်ပါတယ်၊ လေ့လာရတာလွယ်ပါတယ်၊ ၁ လလောက်ဆို တတ်ပါပီ၊ ဒါပေမယ့် CSS ကို တကယ် သဘာကျကျ အသုံးပြုနိုင်ဖို့တော့ အတော့ကို အတွေ့အကြုံများများ ရှာရမှာပါ၊ များများလုပ်မှ သဘေပိုပေါက်လာမှာ ဖြစ်သလို သင်ကြားလေ့လာထားတဲ့ အချက်တွေကို သာမာန်အသုံးပြုပုံထက်ပိုပီးပြောင်မြောက်အောင် သုံးနိုင်ရပါမယ်၊ ဒီသဘောတရားကိုတော့ လုပ်ရင်း သဘောပေါက်လာမှာပါ၊ လေ့လာရတာ ၁ လလောက်ပဲဆိုပေမယ့် တကယ်လက်တွေ့လုပ်ရင် ရှာရင်းတွေ့ရင်းနဲ့ အွန်လိုင်းမှာ ရပ်တည်နိုင်တဲ့ အဆင့် အထိဆိုရင်တော့ ၁ နှစ်တော့ကြာပါမယ်၊ ဒီ ၁ နှစ်ဆိုတာ အမြဲတမ်း Project တွေကိုလုပ်နေတဲ့သူတွေကိုပြောပါတယ်၊ ပျက်တောက်ပျက်တောက် တော့ မရဘူး၊ အဓီက အကြောင်းအရင်းက W3C က အမြဲတမ်း အသစ်တွေထွက်လာပီး CSS ကို အဆင့် အမြဲမြင့်နေလို့ပါ၊

CSS3

 CSS3 ကတော့ ၀က်ဆိုက်လောကမှာ Flash ရဲ့နေရာကိုဖြုတ်ဖို့ CSS ကိုဆင့်မြင့်လိုက်တဲ့ Version တစ်ခုဖြစ်ပီး အသုံးပြုတတ်သူများ အဖို့တော့ တကယ့်ကို Flash တွေကို Web လောကကနေ ဖြုတ်ထုတ်လိုက်နိုင်တဲ့ ဘာသာရပ်ပါ၊(HTML5 နဲ့ တွဲရင်ပြောပါတယ်)၊ CSS3 မှာ အဓိက သုံးထားတဲ့ Keyframes Animation, transition, gradient, Background Properties and values, Broder Radius, Boxshow, Clip, Transform စသဖြင့် အသစ်အသစ်ပေါ်လာသမျှက သုံးရင်သုံးသလို ၀က်ဆိုက်ကို အသက်ဝင်သွားစေပါတယ်၊ အသက်ဝင်သွားစေရုံတင်မကပဲ အခြား Selectors အသစ်တွေကလဲ မထင်ရလောက်အောင် HTML Document တွေကို အသေးစိတ် Select မှတ်နိုင်ပါတယ်၊၊ Tag တစ်ခုထဲသာ Select လုပ်နိုင်တာမဟုတ်တော့ပဲ Attribute တို့ nth-type တို့ Child Selector တို့ စသဖြင့် တကယ့်ကို အသေးစိတ် HTML Document တစ်ခုကို Select မှတ်လို့ရခြင်းတွေက Web Designer တွေရဲ့ လူရာဝင်မှူကို Web လောကရဲ့ ထိပ်ဆုံးကိုပို့ဆောင်ပေးခဲ့ပါတယ်၊ အရင်ကလို ငါတို့လုပ်မှရတယ်ဆိုတဲ့ jQuery တို့ JavaScript တို့ရဲ့ ကဏ္ဍ အချို့ကိုလဲ သိမ်းကျုံး ယူပစ်လိုက်ပါတယ်၊  Slide Show လုပ်မလား စာလုံးလေတွေပြေးမလား၊ ဖုန်းနဲ့ ကြည့်ကြည့် Tablet နဲ့ ကြည့် ကြည့် အခြား ဘယ် Device နဲ့ ကြည့်ကြည့် ၀က်ဆိုက် ပျက်မသွားပဲ အလိုလျှောက် ကြည့်ရာ Device ရဲ့ မျက်နှာပြင်အရွယ်အစားအတိုင်း လိုက်ပြောင်းနိုင်တဲ့ Media Query Selector ကတော့ ကွန်ပြူတာတွေမှာသာလျှင်မကပဲ အခြား Device တွေအားလုံးရဲ့ အရွယ်အစားနဲ့ ညီတဲ့ Web ဆိုက်တွေကို Designer တွေကို ဖန်တီးစေနိုင်ခဲ့ပါတယ်၊ Flexible Box Model ကလဲ ၀က်ဆိုက်ရဲ့ Div တစ်ခုစီကို ကြည့်ရူ့ရာ Screen အရွယ်အစားပေါ်မူတည်ပီး အကောင်းဆုံးပုံစံဖြစ်အောင် Layout ပြောင်းလဲနိုင်စေတဲ့ WebSite တွေကိုထွက်ပေါ်လာစေခဲ့ပါတယ်၊
 CSS3 ကိုတတ်ဖို့ဆိုရင်တော့ ကိုယ်ပိုင်လေ့လာရင် ၄ လလောက်ကြာသွားစေနိုင်ပါတယ်၊ CSS3 က ခက်လို့မဟုတ်ပါဘူး၊ Selector တစ်ခုစီ Properties တစ်ခုစီရဲ့ အနှစ်သာရပြည့်ဝလွန်းလို့ တစ်ခုကိုပဲ တော်တောများများလေ့ကျင့်ပီး လုံးဝ မတူညီတဲ့ Result တွေရအောင်လုပ်နိုင်လို့ပါ၊ ဒီတော့ များများလေ့ကျင့်ရတာပေါ့၊

HTML5

 HTML5 ကတော့ လူအများ အထင်မှာ သိပ်လွယ်တဲ့ ဘာသာရပ်ဖြစ်နေပါတယ်၊ ဒီလိုဖြစ်ရခြင်းက HTML5 ရဲ့ Element (Tags) အသစ်လေးတွေကြောင့်ပါ၊ တကယ်တော့ အဲ့ဒီ့ Tags အသစ်တွေက HTML5 ရဲ့ အနှစ်သာရမဟုတ်ပဲ အပေါ်ရံကြောမျှသာဖြစ်ပါတယ်၊ တကယ့် HTML5 ကတော့ Canvas System ကိုသုံးပီး JavaScript နဲ့ တွဲရေးတဲ့ Web Base Game တွေတည်ဆောက်ခြင်းပါ၊ တည်ဆောက် အသုံးပြုရတာ အရမ်း လက်တွေ့သလို တကယ်လုပ်တတ်ဖို့ ရေးတက်ဖို့ကလဲ အတော့ကိုခက်ခဲလှပါတယ်၊ Browser တွေပေါ်မှာ Canvas တည်ဆောက်ပီး HTML & JavaScript နဲ့ ဂိမ်းတစ်ခုဆွဲဖို့ဆိုတာ JavaScript ရဲ့ BuildIn Object တွေကို ထဲထဲဝင်ဝင်တည်ဆောက်တတ်ဖို့လိုအပ်သလို၊ ကိုယ်ပိုင် Objects တွေတည်ဆောက်ပီး လိုသလို ခေါ်သုံးနိုင်ဖို့ လိုတယ်၊ Array တွေတည်ဆောက်ပီး Looping နှစ်ထပ်လောက်သုံးကာ Prototype Function တွေကို ကိုယ်ပိုင်တည်ဆောက်ထားတဲ့ Object ကနေ Prototype လုပ်ပီးခေါ်သုံးတတ်ဖို့လိုတယ်၊(Instance Object ကိုပြောတာပါ)၊ ပုံပေါင်းမျာစွား ပါဝင်တဲ့ spritesheet ထဲကနေ နှစ်သက်ရာပုံကို လိုချင်တဲ့ Coordinate အလိုခေါ်ပီး Browser Build Keyframe ကိုသုံးကာ Chracter တွေကို လိုချင်တဲ့ Direction အတိုင်း ထုတ်လွတ်နိုင်ဖို့တို့၊ ပစ်လိုက်တဲ့ ကြည့်စံက ရန်သူရောက်ရှိနေတဲ့ Coordinate နဲ့ကိုက်ညီတာနဲ့ Keyframe Animation သုံးပီး ကြည့်စံကို ပေါက်ကွဲထွက်သွားစေကာ ရန်သူကိုလဲသေသွားစေနိုင်တာတို့၊ Array Elements တွေထပ်မသွားအောင် Game Area ကျော်တဲ့ Character တွေကို အလိုလျှောက် recycle ပြန်လုပ်တာတို့ စသဖြင့် ဂိမ်းမှာပါဝင်သမျှ Objects တိုင်းအတွက် အသံတည်ဆောက်တာတို့ စသဖြင့် စသဖြင့် ရသစုံလင်တဲ့ ဂိမ်း တစ်ခုကို Producation လုပ်နိုင်တဲ့ အဆင့် အထိဆွဲဖူးရင်တော့ HTML5 ရဲ့ အနှစ်သာရကိုနားလည်လာမှာဖြစ်သလို အခြား ပန်းချီဆွဲတဲ့ Web Application မျိုးတွေကို လောက်ကို မိနစ်ပိုင်းအတွင်း ဆွဲတတ်သွားမှာပါ၊ တကယ်ကျွမ်းကျင်ရင်တော့ အလုပ်လုံးဝ မရှာတဲ့ ဘာသာရပ်ဖြစ်ပါတယ်၊ ကျွမ်းကျင်ဖို့တော့ အတော့ကို လေ့လာရမှာပါ၊

jQuery

 jQuery ကတော့ JavaScript ရဲ့ ကုန်ကြမ်းပါ၊ JavaScript ကိုတကယ်ရေးလာခဲ့ရင် မလွယ်ကူတဲ့ ပြသနာတွေအများကြီးရှိလာနိုင်ပါတယ်၊ ကျွမ်းကျင်မှူနည်းလို့ ရယ် တကယ် အလုပ်နက်နက်နဲနဲလုပ်အောင်ရေးရတာခက်လို့ရယ်ကြောင့်ရယ် ဒီလိုပြသနာတွေကြောင့် လူအများစုက JavaScript ကိုမသုံးတတ် (သို့) မသုံးချင်ကြတော့ဘူး၊ ဒီလိုပြသနာတွေကို ဖြေရှင်းပေးဖို့ အတွက် ပညာရှင်တွေက ကြိုတင်ရေးထားတဲ့ Script တွေ functions တွေ Object တွေကို Plugin တွေအဖြစ်တည်ဆောက်ကြတယ်၊ အဲ့ဒီ့ Plugin တွေကို jQuery လို့ခေါ်တယ်၊ နောက်ပိုင်းတော့ Plugin တွေ သိပ်များပီး အသုံးပြုရလဲ သိပ်လက်တွေ့လာတော့ jQuery ဆိုတဲ့ ဘာသာရပ်အဖြစ်ကိုရပ်တည်နိုင်သွားတယ်၊ ဒါကိုပဲ jQuery ဘာသာရပ်လို့ခေါ်ပီး JavaScript ကျွမ်းကျင်တဲ့ သူတွေက jQuery Plugin တွေကို အဆင့်ဆင့် အဆင့်မြင့်လာကြတယ်၊ jQuery က အသုံးပြုရတာကောင်းလွန်လွန်းလို့ လူတွေ အကြိုက် တကယ့်ကိုများလာပါတယ်၊ တကယ်တော့ CSS Selector တွေဘယ်လောက်ကောင်းကောင်း CSS3 Transition တွေ ဘယ်လောက်မြင့်လာမြင့်လာ jQery ရဲ့ ပြောင်မြောက်တဲ့ အစွမ်းတွေကို မမှီနိုင်သေးပါဘူး၊ jQuery ကိုကောင်းကောင်းသုံးတတ်ရင် WebSite တစ်ခုလုံးကို Animation တစ်ခုဖြစ်အောင်ရေးနိုင်သလို Game တွေလဲ ကောင်းကောင်းဆွဲနိုင်ပါတယ်၊ ဒီ့ထက်ပိုပီးပြောင်မြောက်တဲ့ အချက်တွေလဲ အများ အများကြီးရှိပါသေးတယ်၊ ဥပမာ အွန်လိုင်းမှာ သုံးတဲ့ Facebook Chat တို့လိုမျိုး Chat Application တစ်ခုကိုရေးရင် JavaScript က input Fields မှာရှိတဲ့ တန်ဖိုးကို ယူပီး Ajax နဲ့ PHP ကို Request လုပ်ရတာရှိပါတယ်၊ PHP က Server မှာ ကုတ် Generate လုပ်ပီးတန်ဖိုးတွေပြန်ပို့တဲ့ Request လုပ်ထားတဲ့ Ajax ကို Server Data ကို Return လုပ်ပေးပါတယ်၊ ဒီအခါမှာ Ajax နဲ့ JavaScript ပေါင်းပီး တန်ဖိုးတွေကို document မှာ ပြန်ဖော်ပြရတာမျိုးရှိတယ်၊ ဒီလိုအခါမျိုးမှာ Ajax ကိုသုံးပီး XMLHTTP Request တောင်းရင် Header Request ကို Encode လုပ်ပီးပို့ရတယ်၊ Server အခြေအနေတွေကိုလဲ စောင့်ရတယ် စသဖြင့် စသဖြင့် အတော့ကိုလက်ဝင်တဲ့ အခါမျိုးရှိတယ်၊ ဒီလိုအခြေအနေမျိုးရှိလာတဲ့အခါ JavaScript နဲ့ Ajax တို့ ကိုမသုံးပဲ $.post ကိုသုံးပီး jQuery ရဲ့ Ajax Style ကိုသုံးတာ စာကြောင်းတစ်ကြောင်းထဲနဲ့ကိုပီးသွားတော့ပါတယ်၊ ခု လူအများစု Android ဖုန်းတွေမှာသုံးနေတဲ့ facebook တို့ Google+ တို့က java နဲ့ ရေးထားတဲ့ Android Appliaction အစစ်မဟုတ်ပါဘူး၊ jQuery Mobile သုံးထားတဲ့ Android app ပါ၊
 jQuery နဲ့ ပက်သက်ပီးလုပ်လို့ရတဲ့ တကယ့် Dynamic အလုပ်တွေအများကြီးရှိပါသေးတယ်၊ jQuery ကိုလေ့လာဖို့ အနည်းဆုံး ၂ လကြာပါမယ်၊ တကယ့် ဂိမ်းရေးတဲ့ အဆင့် Web Application ရေးတဲ့ အဆင့်အထိရောက်အောင်တော့ ၆ လလောက် တကယ်ကျင့်ယူရပါမယ်၊ အထူးသဖြင့် ရှေ့ကနေလမ်းပြမယ့် ဆရာရှိရင် လမ်းကြောင်းတည့်ပီးမြန်နိုင်ပါတယ်၊ 

JavaScript

 JavaScript ကတော့ Scripting ဘာသာရပ်ဖြစ်ပီး Interactive Web Design တွေ Dynamic Web Design တွေရဲ့လောကမှာ အသံဖိုင်တွေ၊ ဗွီဒီယိုဖိုင်တွေ၊ Website History တွေ Cache တွေ Web Base Game တွေရဲ့ ဘုရင်တစ်ဆူပါ၊ PHP နဲ့ မလား jQuery နဲ့တွဲမလား HTML Content နဲ့ Tags တွေကို စိတ်ကြိုက်အချိန်မှာ ထည့်မလားထုတ်မလား၊ အင်တာနက်လိုင်းကို ဂရုမစိုက်ပဲ ဘယ်လောက်နှေးနှေး အသံနဲ့ ရုပ်မြင်လို့ရအောင်လုပ်မလား (WEBRTC) စသဖြင့် စသဖြင့် Web နဲ့ ပက်သက်သမျှအလုပ်တွေ Action နဲ့ ပက်သက်တဲ့ အလုပ်တွေအားလုံး၊ ဗွီဒီယို Player တွေပဲ တည်ဆောက်မလား WYSIWYG Editor တွေပဲ တည်ဆောက်မလား၊ HTML5 နဲ့ တွဲပီး Canvas Games မှန်သမျှစိတ်ကြိုက်ဆွဲမလား၊ နောက်ဆုံး Hack မလား သူများ Browser Cookie မှာသိမ်းတဲ့ password တို့ အခြား Data တို့ကိုများယူမလား စသဖြင့် စသဖြင့် Web Designer တွေကို Developer ဆန်တဲ့ အလုပ်မှန်သမျှလုပ်စေနိုင်မယ့် Client side scripting ဘာသာရပ်ဖြစ်တဲ့ JavaScript ရဲ့ အရသာကို မသိသေးရင် Web Developer ကောင်းတစ်ယောက် ဖြစ်တယ်လို့ပြောဖို့ကိုခက်နေမယ့် အခြေအနေဖြစ်နေပါမယ်၊ JavaScript ကိုတော့ WebDesigner တစ်ယောက်အနေနဲ့ တော်ရုံ တတ်ရင် ရပါပီ၊ မတတ်ရင်လဲ ဖြစ်ပါတယ်၊ တကယ် Designer တစ်ယောက်က HTML, CSS, HTML5, CSS3 နဲ့ jQuery တို့ကို ကျွမ်းကျင်ရင် ရပါပီ၊ Brighter Myanmar ရဲ့ ဘာသာရပ်ခွဲခြားမူမှာ WebDesigner ဘာသာရပ်များ အတွင်း JavaScript မပါပါဘူး၊ Web API နဲ့ Web Base Game Development တို့ ဘာသာရပ်တွေမှာသာ JavaScript ကိုထည့်ထားပါတယ်၊ နောက်နေ့ Developer ဘာသာရပ်များနဲ့ Programming ဘာသာရပ်တွေကိုဆက်ပီးပြောသွားမယ်၊

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/oHza8I

 ကျေးဇူးပြု၍
ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

ref >> BrighterMyanmar

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment