Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Wednesday, February 19, 2014

Desktop's BackGround ပုံကို ပြောင်းလို့မရအောင်ပြုလုပ်ခြင်း


ကျွန်တော် တို့တွေ မိမိကွန်ပျူတာက Desktop ပုံကို
ကိုယ်ကြိုက်တဲ့ပုံတွေ တင်လေ့ရှိကြပါတယ်.. အဲဒီအခါမှာ တစ်ခြား
သူတစ်ယောက်ယောက် ၀င်ပြီးပြောင်းလို့မရအောင် လုပ်နည်းလေး
တွေ့လို့  မိတ်ဆွေများလဲ ကလိလို့ရအောင် တင်ပေးလိုက် ပါတယ်ဗျာ.
ဒီနည်းလေးကို သိကြတဲ့သူတွေလဲ ရှိမှာပါနော်. သိပီးသား သူတွေ
ကတော့ ကျော်သွားပေါ့ဗျာ. မသိသေး တဲ့သူတွေ အတွက်ပေါ့ ဗျာ.

၁.    ပထမဦးဆုံး ကွန်ပျူမှ Run box ကိုခေါ်လိုက်ပါ. Run box
ကို Start Bar မှနေဖွင့်လို့ရပါတယ်။. ဒါမှမဟုတ်ရင် Keyboard မှ
Window key  ကိုဖိနှိပ်ပြီး R ကိုနှိပ်လိုက်ပါက Run ဆိုတဲ့ Box ကျ
လာပါလိမ့်မယ်..ပုံ (၁)အတိုင်းပါ။

၂.    အဲဒီBox ထဲမှာ Regedit ဆိုပြီးရိုက်ထည့်ပီး Enter နှိပ်လိုက်ပါ.
Registry Editor ဆိုတဲ့ Box ကျလာပါလိမ့်မယ်.. ပုံ (၂)အတိုင်းပါ..

၃.    အဲဒီ Box ရဲ့ ဘယ်ဘက်ဘေးကနေရာထဲမှာ  HKEY_CURRENT_USER
ဆိုတဲ့ Folder ပုံလေးနဲ့ စာသားကိုရှာလိုက်ပါ.. တွေ့ရင်အဲဒီစာသားရဲ့ဘယ်ဘက်
ဘေးလေးကိုနှိပ်ပြီးအောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါဗျာ..

>>    HKEY_CURRENT_USER >>> Software >> Microsoft >>>
Windows >>>  Current Version>>> Policies ဆိုတာကိုရောက်တဲ့အထိ
အဆင့်ဆင့်သွားလိုက်ပါ..
    အဲဒီနောက် Policies ဆိုတဲ့စာတမ်းလေးကို RightClick နှိပ်ပီးပေါ်လာတဲ့
စာသား List ထဲက New Key မှာ Active Desktop လို့ရိုက်ထည့်လိုက်ပါ။အဲဒီနေရာမှာ
Right Click ပေးပီး New DWORD Value ကိုဖွင့်လိုက်ပါ။
>>> New Value #: ဆိုပီးအသစ်ပေါ်လာပါလိမ့်မယ်။
>>> အဲဒီမှာ NoChanging Wallpaper ဟုရိုက်ထည့်ပြီး အဲဒီစာသားပေါ်မှာ
Double Click နှိပ်လိုက်ပါ..
>>> Edit DWORD Value Dialog Box ကျလာပါလိမ့်မယ်.
>>> အဲဒီ Box ထဲမှ Value Data တန်ဖိုးကို 1 လို့ပြောင်းလိုက်ပါ။
>>> OK ပေးလိုက်ပါ..

ကဲ..ဒါဆို မိမိကွန်ပျူတာက Desktop Background ကိုဘယ်သူမှာ
လာပြောင်းလို့မရတော့ပါဘူးနော်. စမ်းကြည့်လိုက်ရအောင်ဗျာ.

အဲဒါဆို OK ပြီပေါ့..............



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment