Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Wednesday, February 19, 2014

HTML,CSS3,JAVASCRIPT သုံးပီး ANIMATION PROJECT လေး တစ်ခုတည်ဆောက်ခြင်း

Photo: HTML,CSS3,JAVASCRIPT သုံး ANIMATION PROJECT လေး တစ်ခုတည်ဆောက်ခြင်း

Project Name : Animated Header,
Project Detail : ဒီ Project မှာတော့ Css3 keyframes နဲ့ Javascript ပေါင်းပြီးတော့ ကိုယ့်ဆိုဒ်ရဲ့ နာမည်ကို mouse တင်လိုက်တာနဲ့ animation လုပ်မှာဖြစ်ပါတယ်။ ဒီ Project လေးကို Css3 keyframes နဲ့ ရေးလို့ရပါတယ်။ဒါပေမယ့် ဒီ Project မှာက javascript ကို အသုံးပြုပြီး Css3 ရဲ့ Properties နဲ့ Values ကျွမ်းကျင်စွာ ခေါ်ယူပြောင်းလဲ အသုံးပြုတက်ရန် ရည်ရွယ်ပြီး သင်ပြဖြစ်ပါတယ်။
Learning Time : ၁ နာရီ,
Used Languages : HTML, CSS , CSS3 , JAVASCRITP,
Remark : ဒီ Project လေး ကို အပိုင်း(၂) ပိုင်း ခွဲသွားမှာ ဖြစ်ပါတယ်။
Lincense : BMLLL;

ANIMATION တွင်ပါဝင်သော HTML  အခန်းကဏ္ဍ
အရင်ဦးဆုံး html နဲ့ frame တည်ဆောက်မယ်။
<!DOCTYPE HTML>
<html lang="en-US">
<head>
 <meta charset="UTF-8">
 <title></title>
</head>
<body>
 
</body>
</html>
ပြီးရင် body ထဲမှာ header တစ်ခုရေးမယ်။
<header> </header>
အဲဒါပြီးရင် header ထဲမှာ div တစ်ခုတည်ဆောက်မယ် id ကို site_title လို့ပေးလိုက်မယ်။
<header>
 <div id="site_title"></div>
</header>
site_title ထဲမှာ  div 15 တည်ဆောက်မယ် id မပေးတော့ပဲ class နာမည်ကို site_div လို့ပေးလိုက်မယ်။ခင်ဗျားတို့က ကြိုက်သလောက် တည်ဆောက်ချင်သလိုတည်ဆောက်ပါ ။ ကျွန်တော်ကတော့ BRIGHTER MYANMAR စာလုံးတည်ဆောက်မှာမို့လို့ 15 ခုတည်ဆောက်တာပါ။
<div id="site_title">
 <div class="site_div">B</div>
 <div class="site_div">R</div>
 <div class="site_div">I</div>
 <div class="site_div">G</div>
 <div class="site_div">H</div>
 <div class="site_div">T</div>
 <div class="site_div">E</div>
 <div class="site_div">R</div>
 <div class="site_div">M</div>
 <div class="site_div">Y</div>
 <div class="site_div">A</div>
 <div class="site_div">N</div>
 <div class="site_div">M</div>
 <div class="site_div">A</div>
 <div class="site_div">R</div>
</div>
HTML  အပိုင်းကတော့ ဒီလောက်ပါပဲ အဲ့ဒါတွေရေးပြီးရင် CSS ဖိုင်းချိတ်တော့ပြီး အလှဆင်တော့မယ်။

ANIMATION တွင်ပါဝင်သော CSS  အခန်းကဏ္ဍ(1)

CSS ဖိုင်းကို HTML မှာ အောက်ကပြထားတဲ့အတိုင်း head ထဲမှာ ချိတ်ဆက်ပါတယ်။
<head>
 <meta charset="UTF-8">
 <title></title>
 <link rel="stylesheet" href="style.css" type="text/css" />
</head>
CSS ဖိုင်ကို ချိတ်ပြီးရင် အောက်ကအတိုင်းရေးလိုက်ပါ။
 *{
 margin:0;
 padding:0;
 }
 body{
 background:rgba(0,0,0,0.1);
 }
 header{
 background:rgba(0,0,0,0.1);
 margin:0 auto;
 overflow:hidden;
 padding:20px 0px;
 }
* ဆိုတာက universal selector ဖြစ်ပါတယ် ။ သူက အားလုံးကို select မှတ်တာဖြစ်ပါတယ်။အဲမှာ margin ကို 0px, padding ကို 0px ထားတယ်ဆိုတာက
ပုံမှန်ဆို browser က သူ့အလိုလို padding ရယ် margin ရယ်ခြားထားတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီခြားထားတာတွေကို မခြားချင်လို့ 0px ပေးထားတာပါ။ မပေးထားရင် နောက်ကျရင် width height တွေညှိရင် အခက်အခဲတွေတက်လို့ပါ။

body ကို နောက်ခံအရောင်(background) ကို rgba နဲ့ ပေးထားပါတယ်။ rgba ဆိုတာက r ဆိုတာက အနီရောင်(red),g ဆိုတာက အစိမ်းရောင်(green), b ဆိုတာက အပြာရောင်(blue), a ဆိုတာက alpha ဖြစ်ပါတယ်။ အရောင်တွေမှာ ပုံမှန်က သုံးရောင်ရှိပါတယ်။ အဲသုံရောင်ကို ရောလိုက်ရင် အခြားအရောင်တွေ ဖြစ်လာပါတယ်။ အားလုံးကို 0 နဲ့ 255 ကြားထဲမှာ ကိုယ်ကြိုက်တဲ့ ပမာဏကို ယူပြီးရောပါတယ်။ အခု ကျွန်တော်တို့ က ပန်းချီဆရာမဟုတ်လို့ Color pic ကို သုံးပြီ အရောင်တွေယူပါတယ်။ a ကတော့  ရောဆက်ထားတဲ့ အရောင်တွေကို 0 နဲ့ 1 ကြားမှာ အတိုးအလျှော့လုပ်တာဖြစ်တယ်။ 0 ဆိုရင်တော့ မမြင်ရတော့ဘူးပေါ့ ။ 0.1 ကစပြီး 1 အထိ အဆင့်ဆင့်တက်ပြီး အရောင် အတိုးအလျှောက်လုပ်လို့ရပါတယ် ။ a က နောက်ခံကို ဓာတ်ပုံတွေထားပြီး လုပ်ရင် ပိုပြီ ကြည့်လို့ကောင်းပါတယ် ။ 

ovarflow:hidden ဆိုတာက သူ့ပေးထားတဲ့ အကျယ်အဝန်းကနေပြီး ကျော်ထွက်သွားရင် ကျော်သွားတဲ့ ကောင်တွေကို ဖုံးထားမယ်လို့ပြောတာပါ။

padding:20px 0 ဆိုတာက border နဲ့ content ကြားကို အပေါ်အောက် 20px ဘေးနှစ်ဖက်ကို မကန်ဘူးလို့ပြောတာပါ။အခုလောက်ဆိုရင်တော့ နားလည်လောက်မှာပါ နားမလည်ရင်တော့ ကျွန်တော်တို့ BRIGHTER MYANMAR ရဲ့ ဒီဇိုင်း ရှင်းပြထားတာတွေရှိပါတယ် အဲ့မှာ အရင်ဆုံးဖက်ကြည့်သင့်ပါတယ်။

ပြီးရင် အောက်ကအတိုင်း ထက်ရေးလိုက်ပါ။
 #site_title{
 width:480px;
 margin:0 auto;
 }
 .site_div{
 float:left;
 background:red;
 text-align:center;
 width:50px;
 line-height:50px;
 margin:5px;
 border-radius:3px;
 font-size:28px;
 font-weight:900;
 color:#000;
 }
 .site_div:nth-of-type(9){
 margin-left:33px;
 }
 
#site_title{width:480px;margin:0 auto;} ဆိုတာကတော့ id site_div ကို အကျယ် 480px ပေးပြီး margin:0 auto ဆိုတာက ဘေးနှစ်ဖက်ကို နှစ်ဖက်အညီအမျှ auto ကြည့်ပြီး margin ကန်မယ် လို့ ပြောတာပါ။သူ့ကို အုပ်ထားတဲ့ကောင်ရဲ့ ခလယ်မှာနေမယ်
လို့ပြောတာပါ။အပေါ်အောက်ကို မကန်ဘူးလို့ ပြောတာပါ။

float:left ဆိုတာက class site_div 15 ခုကို တစ်ခုဆီရဲ့ ဘယ်ဘက်က float(စီးမျှောမယ်ကပ်မယ်လို့ပြောတာပါ)။ 

background ကိုတော့ အနီရောင်းပေးထားပါတယ်။

text-align:center ဆိုတာက စာကြောင်းတွေကို site_div ရဲ့ ခလယ်မှာထားမယ်လို့ပြောတာပါ။

width:50px ဆိုတာက အကျယ် 50px ပေးမယ်လို့ပြောတာပါ။ 50px ယူမယ်လို့ပြောတာပါ။

margin:5px ကတော့ လေးဘက်လုံးကို 5px ကန်မယ်လို့ပြောတာပါ။

border-radius:3px ကတော့ အခု ပုံမှန် firefox အတွက်တော့ အဆင်ပြေပါတယ်။ chrome တို့ ie တို့မှာတော့ webkit တို့ ms တို့ ထည့်ရသေးပါတယ်။

font-size: 28px က စာလုံး အကြီး 20px ပေးမယ်လို့ပြောတာပါ။

font-weigth:900 ကတော့  စာလုံး အထူအပါး ထဲက အထူလို့ပြောတာပါ။ သူက 1 က 599 အထိက ပုံမှန်ပါပဲ 600 က 900 အထိကတော့ အထူပါ။ bold နဲ့ အတူတူပါပဲ။

color:#000 ကတော့ စာလုံး အရောင်ကို အနက်ရောင်ယူမယ်လို့ပြောတာပါ။

.site_div:nth-of-type(9){margin-left:33px;} ကတော့

site_div 15 ခု ထဲက 9 ခုမြောက်ကို ဘယ်ဘက်ကနေ margin 33 px ကန်မယ်လို့ပြောတာပါ။

အခုတော့ CSS ကို ဒီလောက်ပဲ သုံးထားဦးမယ် JAVASCRIPT ကုဒ်တွေနဲ့ ဆက်ခေါ်ပြီးမှ keyframes တွေ ပြန်ထက်ရေးမယ်။

ANIMATION တွင်ပါဝင်သော JAVASCRIPT  အခန်းကဏ္ဍ

အခုရေးမယ့် javascript ကုဒ်ကတော့ ပညာသိပ်မပါတော့ internal style နဲ့ ပဲရေးလိုက်တယ်။
အရင်ဦးဆုံး အောက်ကအတိုင်း လိုက်ရေးလိုက်ပါ။

<script type="text/javascript">
 var header =document.getElementsByTagName('header');
 var site_div =header[0].getElementsByClassName('site_div');
 for(var i=0;i<site_div.length;i++){
 site_div[i].id =i;
 }
</script>
အထက်မှာ ပြထားတဲ့ အတိုင်း script အဖွင့် အပိတ်ရေးပါ။
var header =document.getElementsByTagName('header') ဆိုတာကတော့ document ထဲမှာရှိတဲ့ Elements တွေရဲ့ TagName ကို လှမ်းခေါ်မယ် ။ အဲ့ ခေါ်မယ့် TagName နာမည်က အခုခေါ်ချင်တာက header ဆိုတော့ TagName က header လို့ပြောလိုက်တာ။ အဲ့ဒါဆိုရင်
array တွေနဲ့ ကျလာမယ်။ ဘာလို့လည်းဆိုတော့ html ထဲမှာ က tag တွေအများကြီးပဲရှိတယ်လေ ။ header nav section article footer div p အများကြီးပဲရှီတယ် ။ ပြီးရင် header နှစ်ခုရှိရင်ရှိမယ် ၁၀ခုရှိရင်ရှိမယ် ။ အဲ့တော့ သူက ဘယ်နှစ်ခုပဲရှိရှိ array နဲ့ပဲ ပြန်ပေးတယ်။ array နဲ့ ပေးရင် 
0 ကစတယ်။ ပုံမှန်ရေရင် တစ်က စရေပေမယ်။ array ဆိုရင်တော့ 0 က စရေပါတယ်။ အဲ့ခု ကျွန်တော့်ဆီမှာရှိတာက header တစ်ခုပဲဆိုတော့
header[0] ပေါ့။ အကယ်၍ header နှစ်ခုရှိတယ်ဆိုရင် header[0],header[1] ဆိုပြီးရမယ်။ အခုက တစ်ခုပဲဆို တော့ တစ်ခုပဲပေါ့။ header လှမ်းခေါ်ပြီးပြီ ဆိုရင် အဲ့တန်ဖိုးတွေ အားလုံးကို variable တစ်ခုနဲ့  assign လုပ်မယ်။ assign လုပ်တယ်ဆိုတာ တန်းဖိုးတစ်ခုကို ကိုယ်စလှယ်ယူတာဖြစ်ပါတယ်။

var site_div =header[0].getElementsByClassName('site_div') ဆိုတာကတော့ 
စောစောက ပြောခဲ့တဲ့ အတိုင်း ရလာတဲ့ header[0] ထဲက Elements တွေထဲက site_div ဆိုတဲ့ Class ရှိတဲ့  ကောင်ကိုယူမယ်လို့ပြောတာ။
HTML ဖိုင်းမှာ ရေးခဲ့တာက site_div ဆိုတဲ့ Class ရှိတဲ့ div 15 ခုတောင်ရှိတယ်။ဒါပေမယ့် စောစောက ပြောခဲ့တဲ့ အတိုင်း သူလည်း array နဲ့ ကျလာမယ်။ 
for(var i=0;i < site_div.length;i++){site_div[i].id =i;} က တော့ class တွေက array နဲ့ ကျလာတယ်ဆိုတော့ အဲ့ array တွေကို တစ်ခုချင်းစီလိုက်ရေးရင် ရပါတယ်။ဒါပေမယ့် အဲ့လိုဘယ်သူမှမရေးကြပါဘူး အချိန်ကုန်တယ် ပညာမပါဘူး။
အဲ့တော့ for loop ကိုသုံးရပါတယ်။ for loop က variable တစ်ခုသတ်မှတ်မယ်။ အဲ့ကောင်က i ။ i ရဲ့ တန်ဖိုးကို 0 လို့ပေးတယ်။အကယ်၍ i က
site_div.lenght ထက်ငယ်ရင် ဆိုတာက site_div က array နဲ့ ရမယ်ဆိုတော့ 15 ခုရမယ် ။ .length ဆိုတာက ဥပမာ အိမ်တစ်အိမ် မှာ လူ၁၅ယောက်ရှိတယ် ယောင်္ကျားတွေပါမယ် မိန်းမတွေပါမယ် ကလေးတွေပါမယ် အားလုံးပေါင်း ၁၅ယောက်ရှိတယ်။ အဲ့ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလည်းဆိုရင် ၁၅ယောက်ရှိတယ်လို့ဖြေမယ် ။ အဲ့လိုသဘောမျိုးပဲ။ အခုလည်း site_div က ၁၅ခု ရှိတယ် ဆိုတော့ 
i က ၁၅  ထက်ငယ်ရင် i ကို တစ်စီတိုးသွားမယ်။ ++ဆိုတာက တစ်စီတိုးမယ်လို့ပြောတာပါ။ အဲ့တော့ site_div[i] ဆိုရင် ပထမတစ်ခေါက်
site_div[0] ဒုတိယတစ်ခေါက်က site_div[1] နဲ့ အစဉ်တစ်တိုးပြီးခေါ်သွားမယ်။ အဲ့ ရတာတဲ့ site_div[i] တွေကို  id သတ်မှတ်မယ်။
အဲ့တော့  site_div[i] ရဲ့ id ကို i လို့ သတ်မှတ်လိုက်မယ်။site_div[0] ရဲ့ id က 0 ဖြစ်သွားမယ်။ site_div[1] ရဲ့ id က 1 ဖြစ်သွားမယ်။အဲ့ ဆက်တိုက်တိုးသွားမယ်။နောက်ကျရင် ကျွန်တော် အကုန်လုံးကို သင်ခန်းစာအဖြစ်တစ်ခန်းစီရှင်းပြီး သင်ပြသွားမယ်။ လောလောဆယ်တော့ 
အခုပြောတဲ့ အတိုင်းပဲ မှတ်ထားလိုက်ပါ။ အခု id သတ်မှတ်ပြီးပြီဆိုတော့ အဲ id တွေကိုခေါ်ပြီး  animation လုပ်ပြီး စောစောက div 15 ခု ကို လှုပ်
ရှားခိုင်းတော့မယ်။ အခုရှင်းပြတာ နားမလည်ဘူးဆိုရင် ကျေးဇူးပြုပြီး video ဖိုင်ကို ဒေါင်းပြီး လေ့လာကြည့်ပါ ။အဲ့ဒါပြီးရင် အောက်က ပုံက အတိုင်း 
ထက်ရေးလိုက်ပါ။

function _(elem){
 return document.getElementById(elem);
}

ဆိုလိုတာကတော့ document.getElementById ဆိုတဲ့ document object ကို အများကြီးမရေးချင်လို့ function နဲ့ပြန်ခေါ်လိုက်တာဖြစ်ပါတယ်။
သူက function တစ်ခုခေါ်တယ။် နာမည်က  _ ဖြစ်တယ်။ အဲ့  _ ထဲမှာ argument တစ်ခုပါတယ်။ အဲ့ function က return တစ်ခုပေးမယ်။ ဘာကို retrun ပေးလည်းဆိုတော့ document ဆိုတဲ့ HTML document ထဲက Element တစ်ခုရဲ့ id ကို ပါ။ ခေါ်မယ့် id name က elem ဆိုပြီး အပေါ်က argument ကို ထည့်လိုက်တယ်။ အဲ့ဒီ့ argument ကို function ကိုခေါ်ရင်ခေါ်တဲ့ နေရာကနေ ထည့်ပေးပီးခေါ်ရတာ၊ ဥပမာ ကျွန်တော်တို့ ထည့်ချင်တဲ့ id name က ss ဆိုရင် Argument နေရာမှာ ss ကို ထည့်လိုက်တာနဲ့ document.getElementById('ss')လို့ရေးစရာမလိုပဲ _(ss) ဆိုပြီး ရေးလိုက်ယုံနဲ့ရသွားမယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က _(elem) ဆိုပြီး အပေါ်မှာ function ရေးထားပြီးသားဖြစ်နေလို့ပဲ။ ပြီးရင် header ကို ထောက်လိုက်တာနဲ့ animation ကို အလုပ်လုပ်ခိုင်းမယ်ဆိုတော့ addEventListener နဲ့ နားထောင်မယ်။ addEventListener ဆိုတာကတော့ ပရိတ်သတ်က mouse ထောက်ရင်လား mouse တင်ရင်လား  click နှိပ်ရင်လား ဆိုတာတွေကို နားထောင်တာပါပဲ။ သူ့မှာက parameter သုံးခုပါတယ်။ ပထမတစ်ခုက click မှာလား mousedown မှာလား keypress မှာလား ဆိုပြီး ထည့်ရတာပါ။ အခု က mouse တင်တာနဲ့ ထွက်တာနဲ့ ဆိုတော့ mouseover ရယ် mouseout ရယ်လို့ရေးလိုက်တယ်။ ဒုတိယ Parameter မှာ mouseover Action ဖြစ်ပေါ်လာတာနဲ့ ခေါ်လိုတဲ့ function ကို ထည့်ပေးရတယ် ။တတိယတစ်ခုကတော့ browser default action ကိုတားတာဖြစ်ပါတယ်။ browser default action ဆိုတာက browser တွေမှာ ကြိုတင်ရေးထားတဲ့ကုဒ်တွေရှိတယ်။ mousemove ရင် ဘာလုပ် link ကိုနှိပ်ရင် ဘာလုပ် ဆိုပြီး ရေးထားတာတွေပါ။ အဲ့ဒါတွေကိုကျွန်တော်တို့က အလုပ် မလုပ်စေချင်ဘူး ကျွန်တော်တို့ခိုင်းတာကိုပဲ လုပ်စေချင်တယ်။ ဒါ့ကြောင့် browser default action ကို တားထားတာဖြစ်ပါတယ်။ကုဒ်ကတော့ အောက်အတိုင်းဖြစ်ပါတယ်။

header[0].addEventListener('mouseover',tt,false); 
header[0].addEventListener('mouseout',rr,false);
 
အရင်ဦးဆုံး mouse ထောက်ရင် funciton ခေါ်မယ်ဆိုတော့ function နာမည်ဖြစ်တဲ့ tt ကိုရေးမယ်။

function tt(){

}

ပြီးရင် function ထဲမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ထည့်တော့မယ်။အခုလုပ်ချင်တာက animation လုပ်ချင်တာဆိုတော့ ပထမဦးဆုံး site_div[0] ကို animation လုပ်မယ်လို့ရေးမယ်။site_div[0] ရဲ့ id က 0 ဖြစ်မယ်ဆိုတော့ id 0 ရဲ့ style animation ကိုယ်ရေးမယ်။ css ကို javascript နဲ့ရေးတာဖြစ်တယ်။အဲ့တော့ အောက်ကလိုရေးလိုက်မယ်။

function tt(){
 _('0').style.animation
}
ပြီးရင် animation name ကိုရေးရမယ် name မရေးရင် css  က keyframes  က ဘယ်သူ့ကိုခေါ်ရမလည်းမသိဘူးဖြစ်နေလိမ့်မယ်။ ပြီးရင် animation လုပ်ရင် duration(ကြာချိန်) ထည့်ပေးရမယ်။ animation လုပ်တဲ့ အချိန်က ဘယ်လောက်ယူမှာလည်းဆိုတဲ့ အချိန်ပေါ့။ ပြီးရင် သူ့ကို ဘယ်အချိန်မှာပြမလည်းဆိုတဲ့ delay(ပြသချိန်)လည်းလိုတယ်။ အဲ့ ဒါတွေကို အောက်ကလိုရေးလိုက်မယ်။

function tt(){
 _('0').style.animation:"b 5s 0s";
}

အပေါ်က အဓိပ္ပာယ်ကတော့ site_div[0] ဖြစ်တဲ့ ပထမဦးဆုံး div ကိုယ်ခေါ်မယ်။ သူ့ရဲ့ id name က 0 ဆိုတော့ document.getElementById('0') ဆိုပြီးရေးရမယ်။
ဒါပေမယ့် အပေါ်က function _(elem) ကို သုံးပြီး _('0') ဆိုပြီး ကျွန်တော်က ရေးလိုက်တယ်။ elem နေရာမှာ 0 ကို ထည့်သုံးလိုက်တာဖြစ်တယ်။အဲ့ _('0')ရဲ့ style.animation နာမည်ကို b လို့ပေးလိုက်တယ်။ ကြာချိန်ကို 5 second ပေးလိုက်တယ်။ ပြသချိန်ကို ကို 0 second ဆိုတော့ ချက်ချင်းပြမယ်လိုက်ဆိုလိုတယ်။
ပြသချိန်ကို မထည့်လည်းရတယ်။ ဒါပေမယ် နောက်ကျရင် ကိုယ်က တစ်ခုချင်းစီအလုပ်လုပ်ချင်တယ်ဆိုရင်တော့ ပြသချိန် ထည့်တာပိုကောင်းတယ်။အခုကတော့ 
မထည့်လည်း ပြဿနာမရှိဘူး။ဒါဆိုရင် သူ့ကို css keyframes နဲ့ အလုပ်လုပ်ခိုင်းတော့မယ်။keyframe ကို နှစ်မျိုးရေးလို့ရတယ်။ ပထမတစ်မျိုးက ပုံစံတစ်ခုမှ အခြားပြောင်းလည်းချင်တဲ့ပုံစံတစ်ခုဆီသို့ ဆိုပြီး from{} to{}ဆိုပြီး လုပ်ချင်တာကို {} ထဲမှာရေးတယ်။ နောက်ပိုင်း design သင်ခန်းစာမှာ ရှင်းရှင်းလင်းလင်းသင်ပြထားမှာပါ။ နောက်တစ်ခုက အလုပ်လုပ်ချင်တာက နည်းနည်းများရင် % နဲ့ပဲလုပ်မယ်။ အခုလုပ်ချင်တာက နည်းနည်းများတော့ % နဲ့ ပဲရေးမယ်။အဲ့ဒါကို css မှာ အောက်လိုရေးလိုက်ပါ။

ANIMATION တွင်ပါဝင်သော CSS  အခန်းကဏ္ဍ(၂)

@keyframes b{
 0%{transform: rotate(720deg);border-radius:50%;}
 25%{transform: rotate(0deg);border-radius:3px;}
 50%{transform: translate(-450px,-30px) scale(1,1);border-radius:50%;}
 60%{transform: translate(-450px,-30px) scale(0,0);border-radius:3px;}
 75%{transform: translate(0px,0px) scale(0,0);border-radius:3px;}
 100%{transform: translate(0px,0px) scale(1,1);border-radius:3px;}
}
အပေါ်ကစာရဲ့ အဓိပ္ပာယ် ကတော့ keyframes က ပေါ်မှာပေးထားတဲ့ animation name ဖြစ်တဲ့ b ကို ခေါ်လိုက်တယ်။ သူ့ကို 0% နှုန်းကစပြီး transform:rotate(720deg); ရယ် border-radius:50% ရယ်အလုပ်လုပ်မယ်။ rotate ဆိုတာက လှည့်မယ်လို့ပြောတာ။ 720deg ဆိုတာက ဒီဂရီ ၇၂၀ လှည့်မယ်လို့ပြောတာ။ border-radius ဆိုတာက ဘောင်တွေကို ကွေးမယ်။ ဘယ်လောက်ကွေးမလည်းဆိုတော့ ၅၀ ရာခိုင်နှုန်းကွေးမယ်လို့ပြေလိုက်တယ်။ ၅၀ ရာခိုင်နှုန်းဆိုရင် သူက စတုရန်းပုံဖြစ်နေမယ်ဆိုရင် စက်ဝိုင်းပုံစံဖြစ်သွားမယ်။စတုရန်းမဟုတ်ဘဲ တစ်ခြားပုံဆိုရင်တော့ သူ့ ပုံအလိုက်ပြောင်းမှာပေါ့။ လောလောဆယ်
ကျွန်တော်ပေးထားတာက စတုရန်းဆိုတော့ စတုရန်းပုံကနေ စက်ဝိုင်းပုံလေးအထိကို ၇၂၀ ဒီဂရီလှည့်မယ်။25% ကတော့ သူက 25% ရောက်သွားရင် rotate ကို 0deg 
ထားလိုက်တယ်ဆိုတော့ မလှည့်တော့ဘူးပေါ့။ border-radius ကိုလည်း စက်ဝိုင်းပုံကနေ စတုရန်းပုံကို 3px စီပဲကွေးလိုက်တော့မယ်ပေါ့။ ဆိုလိုတာက စတုရန်းပုံလေးက လှည့်မယ် စတုရန်းပုံကနေ စက်ဝိုင်းပုံအထိ စက်ဝိုင်းပုံကနေ စတုရန်းပုံအထိ ကို % နဲ့ ၂၅% ကြားထဲမှာ ၇၂၀ ဒီဂရီ လှည့်ပြီး အလုပ်လုပ်မယ်လို့ပြောတာ။၅၀% မှာတော့ transform: translate(-450px,-30px) scale(1,1);border-radius:50% ဆိုတာက translate(-450px,-30px)
အလုပ်လုပ်မယ်။ -450px ဆိုတာက ဘယ်ဘက်ကို 450px ရွေ့မယ်လို့ပြောတာ -30 ကတော့ အပေါ်ကို 30px ရွေ့မယ်လို့ပြောတာ။ အဲဒါဆိုရင် ညာဘက်ဆိုရင် 
- ထည့်စရာမလိုတော့ဘူးပေါ့။ အောက်ဆိုရင်လည်း အတူတူပဲ။scale ဆိုတာက ပုံရဲ့ အသေးကြီးချိန်တာပါ။ ၁ ကတော့ ပုံမှန်အရွယ်အစားဖြစ်ပါတယ်။ ၁ထက်ကြီးရင်တော့ ပုံမှာ အရွယ်အစားထက်ကြီးမယ်။ ငယ်ရင်တော့ သေးမယ်ပေါ့။ 1.1 to 1.9 ဆိုပြီး ဒဿမကိန်းနဲ့လည်းပေးလို့ရတယ်။0 ဆိုရင်တော့ ပျောက်သွားမှာပေါ့။ ဒါဆိုရင် firefox မှာ run လို့ ရပါပြီ။ header ကို mouse ထောက်မိတာနဲ့ ပထမဦးဆုံး b က အလုပ်လုပ်ပါလိမ့်မယ်။ အခုသင်ခန်းစာကတော့
ဒီလောက်ပါပဲ ။ နောက်နေ့ကျရင် အဲ့ဒါကို ထက်ပြီး javascrip ရယ် css ရယ် သုံးပြီး ကျန်တဲ့အရာတွေကို အလှဆင်မယ် အခုကတော့ mouseover ထောက်ရင်တစ်ခါပဲရသေးတယ်။ mouseout ပြီးပြန်ဝင်ရန် animation မလုပ်တော့ဘူး။ အဲ့တွေကို နောက်နေ့ကျရင်သင်ပြပေးသွားမှာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/0bcZjY

ဒီ project code ကို အောက်က လင့် မှာ ဒေါင်းပါ
http://goo.gl/7fl5zy

brightermyanmar@gmail.com သို့ စာရေးသားပေးပို့၍လည်းကောင်း မေးမြန်နိုင်ပါတယ်ခင်ဗျာ။

Brighter Myanmar

ဒီပို့စ်လေးအတွက် brightermyanmar ကိုအထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ. ကျွန်တော် ကိုယ်တိုင်လဲ
ဒီလို သင်ခန်းစာမျိုးကို လိုချင်နေလို့ပါ. အခုတော့ အစဉ်ပြေပါပီခင်ဗျာ.

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment