Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Monday, March 31, 2014

အိမ်တွင်းသုံး နည်းလမ်းများသုံးပြီး ဆံပင်ကို ပြုစုမယ်

အိမ်တွင်းသုံး နည်းလမ်းများသုံးပြီး ဆံပင်ကို ပြုစုမယ်

ဆံပင်အတွက် အိမ်တွင်းသုံး နည်းလမ်းများ ဆံပင်ကို ဂရုစိုက်သူတို့ အတွက် အိမ်တွင်းမှာ ရှိတဲ့ ပစ္စည်းများဖြင့် လှပစေမယ့် နည်းလမ်းများထဲမှ နည်းလမ်းကောင်း တစ်ချို့ကို ရေးသား လိုက်ရပါတယ်။ ကြက်ဥဟာ အိမ်အတွင်း ချက်ပြုတ် ပစ္စည်းများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကြက်ဥဟာ ဆံပင်အတွက် များစွာ အထောက်အကူ ပြုပါတယ်။ ကြက်ဥ၏ အနှစ်ဟာ ဆံပင်အတွက် လိုအပ်သော အဟာရဓာတ်ကို ပေးစွမ်းပါတယ်။

ဘယ်လိုအသုံးပြုရမလဲ

ခြောက်သွေ့သော ဆံသားအတွက် ကြက်ဥတစ်လုံး၏ အနှစ်ကိုယူပါ။ တစ်လုံးထက် ပိုပြီးလဲ သုံးနိုင်ပါတယ်။ ထို့နောက် ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး နှစ်ခုရောပြီး မွှေလိုက်ပါ။ ဦးရေပြားပေါ်သို့ ထိုအရာများကို တင်လိုက်ပါ။ မီနစ် ၂၀ မှ ၃၀ ခန့်လောက် စောင့်ပါ။ ပြီးနောက် ခေါင်းလျှော်လို့ ရပါပြီ။ ခေါင်းလျှော်ရာတွင် အေးသောရေနဲ့ မလျှော်ပါနဲ့။ နွေးသောရေဖြင့်သာ ခေါင်းကို လျှော်ပါ။ ဆီးထန်သော ဆံသားများလည်း အထက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ သာမန်ဆံသား ပိုင်ရှင်များက ကြက်ဥ တစ်လုံးလုံးကို ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ရောစပ်ကာ အသုံးပြုနိုင်ပါတယ်။

credit >> ရိုးရာလေး


အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment