Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Thursday, March 20, 2014

မြန်မာပြည်မှာ အရေအတွက် များနေပြီ ဖြစ်တဲ့ Rolls-Royce ဇိမ်ခံကားများ


ဗြိတိန် နိုင်ငံအခြေဆိုက် ကမ္ဘာ့ အကြီးဆုံး ဇိမ်ခံကား နဲ့ စက် အင်ဂျင် ထုတ်လုပ်ရေး ကမ္မဏီ တစ်ခု ဖြစ်တဲ့ Rolls-Royce ကို မြန်မာတွေ သိတာ သိပ်မကြာ သေး ပါဘူး။ ၂၀၁၂ နှစ်ကန်ုက စလို့ သူ့ရဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကားတွေ မြန်မာပြည်ကို အရေအတွက် အတော်များများ ဝင်လာနေပြီ ဖြစ်ပါတယ်။

www.rolls-roycemotorcars.com မှာ ယနေ့ ထုတ်လုပ် ဖြန့်ချိနေတဲ့ ကားများကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ မြန်မာပြည်ကိုလည်း နောက်ဆုံးပေါ် ဈေးအကြီး ဆုံး ဖြစ်ပါတယ် Rolls-Royce များ ဝင်နေတာကို အံ့မခန်း တွေ့ရှိခဲ့ ပါတယ်။ မြန်မာ ကျပ်ငွေ နဲ့ သိန်း ၅၀၀၀ အထက် မှာ ရောင်းချပြီး ပြည်တွင်းမှာ ဝယ်ယူသူများ လည်း အများအပြား ရှိနေ ပါတယ်။ Rolls-Royce Ghost, နဲ့ Wraith ကတော့ အဓိက အားဖြင့် ထွက် ရှိ တဲ့ မော်ဒယ် ၂ မျိုး ဖြစ်ပါတယ်။ Wraith က ပိုပြီးတော့ ဈေးကြီး သလို အဆင့်လည်း မြင့်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ မြန်မာပြည် ရောက် Rolls-Royce Wraith ဟာ ၂၀၁၄ ခုနှစ် မော်ဒယ် ဖြစ်ပြီး တံခါး ၂ ပေါက်ပါ ပြိုင် ဆလွန်း ဖြစ်ပါတယ်။

အင်ဂျင် အရွယ် ၆၆၀၀ စီစီ ပါဝင်ပြီး ဆလင်ဒါ ၁၂ လုံးပူး တာဘို နှစ်လုံးပူး ပေါင်းစပ် ထားပေး ပါသေးတယ်။ ဂီယာ ၈ ချက်ထိုး အော်တို အမျိုးအစားကို အသုံးပြုထား ပါတယ်။ ဇိမ်ခံ ပစ္စည်းနဲ့ နည်းပညာ ပေါင်းစပ် ထည့်သွင်း ထားမှုက ပြောစရာ မရှိလောက်အောင် ကို ပြည့်စုံ ပြီးသား ဖြစ်ပါတယ်။ ယင်းကားကို www.motors.com.mm က Rolls Royce category မှာ မြင်တွေ့ လိုက်တာ ဖြစ်ပါ တယ်။

ရန်ကုန် မြို့တွင်းက Show Room အချို့မှာလည်း တင်ရောင်းလျက် ရှိကြောင်း သိရ ပါတယ်။






0 comments:

Post a Comment