အိပ်ရေးမ၀ခြင်း၊ စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုစသော အကြောင်းအရာများကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းနှင့် ခေါင်းနှင့် လည်ပင်းထဲရှိ သွေးကြောများ ကျုံ့ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို အကိုက်အခဲပျောက်ဆေးမလိုဘဲ ကုသရန်မှာ မျက်နှာသုတ်ပ၀ါတစ်ထည်ကို ရေနွေးထဲတွင် ထည့်စိမ်ကာ အရည်ညှစ်ပြီး ခေါက်၍ နဖူး (သို့မဟုတ်) လည်ပင်းနောက်နားတွင်ကပ်ထားပါက တောင့်တင်းနေသော ကြွက်သားများကို ပြေလျော့သွားစေနိုင်သည်။
ဦးခေါင်းတစ်နေရာတွင် သွေးကြောများ ကျုံ့ခြင်း၊ ကျယ်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ဦးခေါင်းထဲ ဓာတ်တစ်မျိုးထုတ်လွှင့်မှုကြောင့်ဖြစ်သော ခေါင်းကိုက်ဝေဒနာများအပါ အ၀င်သွေးကြောဆိုင်ရာ ခေါင်းကိုက်ခြင်းကို ကုသရန် အထက်ပါနည်း လမ်းအတိုင်း မျက်နှာသုတ်ပ၀ါနှင့် ရေအေးသုံးပြီးကုသပါ။ ယင်းကဲ့သို့ ကုသခြင်းဖြင့် သွေးကြောများကို ကျုံ့သွားစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေကာ ခေါင်းကိုက်ခြင်းကို သက်သာစေသည်။
မျက်ခုံးနှစ်ခုကြား အပေါ်နေရာများကို လက်ခလယ်သုံး၍ နှိပ်နယ်ပါ။ ခေါင်းကိုက်သက်သာစေရန် နှစ်မိနစ်မှ သုံးမိနစ်အထိ နာရီ လက်တံအတိုင်း နှိပ်နယ်ပါ။
ေေ
သွေးကြောဆိုင်ရာခေါင်းကိုက်ဝေဒနာ သက်သာစေရန် ခြေထောက်ကို မုန်ညင်းနက်အမှုန့်ရောထည့်ထားသော ရေနွေးထဲတွင် စိမ်ထားပါ။ ဦးခေါင်းသွေးကြောများထဲ ဖိအားလျော့ကျသွားသဖြင့် ခေါင်းကိုက်သက်သာလာပါလိမ့်မည်။
ချင်းစိမ်းရေနွေးကြမ်းကို ခေါင်းတစ်ခြမ်းကိုက် ရောဂါအတွက် သောက်သုံးသင့်သည်။ ရေနွေးကြမ်းသုံးခွက်စာ ပမာဏတွင် လတ်လတ်ဆတ်ဆတ်ထုချေထားသော ချင်းစိမ်းလက်ဖက်ရည်ဇွန်း နှစ် ဇွန်းစာထည့်ပြီး လေးမိနစ်မှငါးမိနစ်အထိစိမ်ထားကာ ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းအောင် သောက်သုံးနိုင်သည်။
ခေါင်းကို တစ်ခုခုဖြင့် စည်းနှောင်ထားခြင်းဖြင့်လည်း ဦးခေါင်းသို့ သွေးပို့လွှတ်ခြင်းလျော့ကျကာ ခေါင်းကိုက်ဝေဒနာကို မိနစ်အနည်းငယ်အတွင်း သက်သာစေနိုင်သည်။ -RD
.......7daydaily
အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky
Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။






