Welcome To Myanmar IT Sky

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Title(2)

Myanmar IT Sky ကိုကြွရောက်လာကြတဲ့မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ.......

Title(3)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(4)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(5)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(6)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(7)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(8)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(9)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(10)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Friday, April 4, 2014

Samsung Note 3 နဲ့ selfie ဓာတ်ပုံရိုက်ခဲ့တဲ့ ဘားရတ် အိုဘားမား

Obama

မကြာသေးခင်က ဘေ့ဘော ချန်ပီယံရှစ် ပွဲကို ကြိုဆိုတဲ့ အနေနဲ့ မိန့်ခွန်း ပြောခဲ့ပြီးနောက် ဘွန်စတွန် အခြေစိုက် ဘေ့ဘောစ် အကျော်အမော် စတား David Ortiz နဲ့အတူ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ပထမတော့ David Ortiz နဲ့ တွဲပြီး အိုဘားမားဆ်ုတဲ့ နာမည်ပါရှိတဲ့ ဘေ့ဘော့စ် အကျီင်္ကို ကိုင်ပြီး မီဒီယာတွေကို ဓာတ်ပုံရိုက်ပါ။ Come on လို့ ပြောခဲ့တဲ့အချိန်မှာ David Ortiz က သူရဲ့ Note 3 ကို ထုတ်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အိုဘားမားကတော့ ပြုံးပြုံးပျော်ပျော်ပါပဲ။ အော် selfie ရိုက်ချင်တာလား ရပါတယ် ဆိုပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Samsung က တွစ်တာပေါ်မှာ ထို အကြောင်းအရာကို ပုံနဲ့ တကွဖော်ပြပြီး ကြော်ငြာတစ်ခုအနေနဲ့ သုံးသလို ဖြစ်ခဲ့ပါတယ်။ ဒါကို အိမ်ဖြူတော် က ကျွဲမြီးတိုနေတယ်လို့ သိရပါတယ်။
Aung Heine ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Thursday, April 3, 2014

ရေထဲသွားနိင်သော အသေးစား လျှပ်စစ်ကား

fomm concept one floating car l

ဂျပန်မှာ တီထွင်ဖို့ရှိတဲ့ Concept ကား ဖြစ်ပါတယ်။ အဓိက,က ရေလွှမ်မိုးမူ ဖြစ်လေ့ရှိခြင်းနဲ့ အခြား ဘေးအန္တရယ်တွေကို ကာကွယ်စေဖို့ ဖြစ်ပါတယ်။ အိုင်ဒီယာအနေနဲ့ ပေါ့ပါးပြီး ရေပေါ်မှာ ပေါလောပေါစေနိင်ဖို့ ယာဉ်တွင် Water ဂျက်စက်မော်တာကို တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်းရေ နှစ်ခုလုံးကို သွားနိင်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ တကယ် အရေးကြီးတဲ့ အချိန်မှာသာ ရေပေါ်သွားနိင်စွမ်းကို ပေးဆောင်ထားဖို့ ပြုလုပ်ရည်ရွယ်ထားတာ ဖြစ်ပါတယ်.. အဆိုပါ ယာဉ်ဟာ (၄) ယောက်စီး ဖြစ်ပြီး ပေါင်အလေးချိန်အားဖြင့် (၁၀၀၀ ) ရှိပြီး ကမ္ဘာ့အသေးဆုံး လျှပ်စစ်မော်တော်ယာဉ်အဖြစ် လျာထားတာ ဖြစ်ပါတယ်။. အရွှယ်အစားမှာ အရှည်အားဖြင့် 8.2 ပေ၊ အကျယ်အားဖြင့် 4.24 ပေ၊ အမြင့်အားဖြင့် 5.1 ပေ ရှိပြီး အရှေ့ဘီးမှာ မြင်းကောင်ရေ 6.7 HP ထုတ်လွှတ်ပေးနိင်တဲ့ လျှပ်စစ်မော်တာ နှစ်လုံးကို ထားရှိထားပါတယ်။  

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Window 8.1 update အော်တို ဒေါင်းလုပ်ခ်အနေနဲ့ ဧပြီ (၈) တွင် ရောက်မည်

action cam

အသစ်အသစ်တွေဆိုတာ စိတ်လန်းဆန်းမူတွေနဲ့ ဆန်းကြယ်မူတွေကို ပေးစွမ်းလေ့ရှိတာ မို့ ယခု မိုက်ခရိုလ်ဆော့က သူရဲ့ ၀င်းဒိုး အသစ်တစ်ခု ဖြစ်တဲ့ ၀င်းဒိုး (8.1) ကို ပေးစွမ်းတော့မှာ ဖြစ်ပါတယ်။ ထို ၀င်းဒိုး အသစ်ကို ၀င်းဒိုး ( 8) လို့ပဲ Tablet တွေနဲ့ PC တွေဆီမှာ အသုံးပြုဖို့ လွယ်စေဖို့ ညီမျှစွာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကထွက်ရှိခဲ့တဲ့ Window 8.1 က Start Button တွေကို ပြန်သွားရခြင်းနဲ့ အခြားသော ရှော့ကပ်တွေ၊ Multitasking တွေပါဝင်ခဲ့ပါတယ်။ အခုထွက်ရှိလာခဲ့တာကတော့ နောက်ဆုံးထွက် ဖြစ်ပြီး Touch Screen သမားတွေထက် ကီးဘုတ်နဲ့ မောက်စ် အသုံးပြုသူ တွေအတွက် ပိုဇောင်းပေးထားတယ်လို့ သိရပါတယ်။ လက်တွေ့အားဖြင့် မိတ်ဆွေဟာ ထို ၀င်းဒိုးအသစ်ကို သုံးနေခြင်း ဖြင့် desktop Taskbar မှာရှိတဲ့ ၀င်းဒိုး စတိုး App ကို Pin နဲ့ သော့ခတ်နိင်ခြင်းတွေ ပါဝင်လာတယ်လို့ ဆိုပါတယ်။ နောက်ပြီး desktop bar ကို ဖွင့်စရာ မလိုဘဲနဲ့ Shut down တွေကို ချနိင်မှာ ဖြစ်ပါတယ်။ ထို update ဟာ အော်တိုဖြစ်တဲ့ ဒေါင်းလ်လုပ်ခ် တစ်ခု အနေနဲ့ ၂၁၁၄ ခုနှစ် ၊ ဧပြီ (၈) ရက်နေ့လောက်မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ လူတော်တော်များများဟာ ထို upgrade တိုးမြင့်မူကို အော်တိုမက်တစ်အနေနဲ့ ရိုးရှင်းစွာ Install လုပ်နိင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Aung Heine ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Tuesday, April 1, 2014

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ်းသပ်လေ့လာလျက်ရှိ

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ်းသပ်လေ့လာလျက်ရှိ

အင်တာနက် လိုင်းကို တာဝါတိုင်များမှ တစ်ဆင့် ထုတ်လွှတ်မည့် အစား မောင်းသူမဲ့  လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တု၊ နေစွမ်းအင်သုံး လေယာဉ်ပျံများမှတစ်ဆင့် ထုတ်လွှတ်နိုင်ရန် ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook က စမ်းသပ် သုတေသနပြုလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ‘ကောင်းကင်ကနေ အင်တာနက်လိုင်း လွှင့်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်’ ဟု Facebook ဝက်ဘ်ဆိုက်ကို ပူးတွဲ တည်ထောင်သူဖြစ်သော မာ့က်ဇူကာဘတ်က Facebook တွင် ရေးသားထားသည်။

ယင်းကဲ့သို့ လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တုတို့မှတစ်ဆင့် အင်တာနက်လိုင်း လွှင့်ထုတ်နိုင်စေရန် အာကာသ လေကြောင်းနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင် ပညာရှင်များ ပါဝင်သောအဖွဲ့က စမ်းသပ် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။ Facebook က စည်းရုံး ဖွဲ့စည်းထားသည့် အဆိုပါ ကျွမ်းကျင် ပညာရှင်များတွင် နာဆာအဖွဲ့တွင် အရေးပါသော သုတေသနစင်တာ တစ်ခုဖြစ်သည့် Ames Research စင်တာမှ ပညာရှင်များလည်း ပါဝင်သည်။ ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ် စသည်မှ အင်တာနက်လိုင်း ထုတ်လွှတ်ရန် စမ်းသပ် လေ့လာခြင်းသည် တစ်ကမ္ဘာလုံး မည်သည့် နေရာတွင် ရှိသည်ဖြစ်စေ အင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

“တစ်ကကမ္ဘာလုံး ချိတ်ဆက်ဖို့ဆိုရင် နည်းပညာသစ် ထွင်ဖို့လည်း လိုမှာပဲ။ ဒီအတွက် ကျွန်တော်တို့ရဲ့ ကွန်ရက် စမ်းသပ်ရေးအဖွဲ့က အထူးပြုပြီး လုပ်နေတာပါ” ဟု မာ့က်ဇူကာဘတ်က ပြောကြားသည်။ အဆိုပါအဖွဲ့သည် အမျိုးမျိုးသော တစ်ကမ္ဘာလုံး အင်တာနက်ကွန်ရက် လွှမ်းခြုံခြင်းဟူသော မစ်ရှင် အောင်မြင်စေရန် နည်းဗျူဟာမျိုးစုံကို စဉ်းစားလျက် ရှိပြီး လူနေကျဲသည့် နေရာများတွင် ဆက်သွယ်ရေး ဂြိုဟ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်ရန် စဉ်းစားလျက် ရှိသည်။

ထို့ပြင် ဆာဟာရတစ်ပိုင်း အာဖရိက နိုင်ငံများအတွက် မီတာ ၂၀၀၀၀ အထက်တွင် မရပ်မနား ပျံသန်းနိုင်သည့် လေယာဉ်မှတစ်ဆင့် အင်တာနက် ထုတ်လွှတ်ရန် စမ်းသပ်လေ့လာလျက် ရှိကြောင်း မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်တွင် ပါရဂူတန်း တက်ရောက် သင်ကြားနေပြီး အရေးပါသော သိပ္ပံ တီထွင်မှုများ ပြုလုပ်နေသည့် လူငယ် တစ်ဦးဖြစ်သူ Yael Maguire က Youtube ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။ အင်တာနက်လိုင်း ထုတ်လွှတ်မည့် လေယာဉ်သည် ကမ္ဘာရာသီဥတု ဖြစ်ပေါ်သည့် ဧရိယာ အထက်တွင် ပျံသန်းမည် ဖြစ်ပြီး နေစွမ်းအင်ကို အသုံးပြုကာ တစ်ကြိမ်လျှင် လပေါင်းများစွာ ကြာအောင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Wednesday, March 26, 2014

Google ဟာ ကလေးတွေ အတွက် Youtube ကိုပြုလုပ်နိင်ဖွယ်ရှိ

Youube

တစ်လကို ဗီဒီယို ကြည့်ရူမူ ၆ ဘီလီလျံလောက်ရှိတဲ့ Youtube ဟာ ဗီဒီယို ကြည့်ရူခြင်းနဲ့ ရှယ်ရင်း တွေပြုလုပ်ဖို့ သိပ်ကိုကောင်းတဲ့ ပလတ်ဖောင်းနေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ကြားမှာ ဆိုရှယ်မီဒီယာတစ်ခု အနေနဲ့ ဖေ့ဘုတ်ကိုတောင် ရိုက်ခတ်စေခဲ့ပါတယ်။ အခုတော့ Google ဟာ ထို ငယ်ရွယ်တဲ့ ကလေးတွေကြားမှာ တစ်ခုခုပြုလုပ်ပေးဖို့ ရှိနေပါတယ်။ ဟုတ်ပါတယ်။ Youtube ဟာ လောလောဆယ် ကလေးတွေအတွက် မရှိသေးဘဲ ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေ အတွက်လောက်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၀ ) နှစ်အောက် ကလေးတွေအတွက် လုပ်ဆောင်ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

Aung Heine ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Tuesday, March 25, 2014

ဈေးသက်သာတဲ့ Huawei MediaPad X1

Huawei

တရုတ်ပြည် အခြေဆိုက် Huawei ကုမ္မဏီမှ ထုတ်လုပ်တဲ့ ၇ လက်မ အရွယ် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး MediaPad X1 လို့ အမည်ရ ပါတယ်။ 1920 x 1200 pixel resolution ရှိပြီး 323 ppi အရည်အသွေး ရှိပါတယ်။ ဘက်ထရီက 5000 mAh တောင် ရှိပါတယ်။ Processor က 1.6GHz HiSilicon Kirin910 quad-core ကို အသုံးပြု ပါတယ်။ ကင်မရာ လည်း ကောင်း ပါတယ်။ 13 Megapixel အရည်အသွေး ရှိပြီး Soney Exmor R BSI sensor ကို အသုံးပြုထားပါ သေးတယ်။ f/2.2 aperture ရှိပါတယ်။ ရှေ့မှာလည်း 5 Megapixel ကင်မရာ ပါဝင် ပါတယ်။ micro SD ကဒ်နဲ့ 32 GB ထပ်တိုးလို့ ရပါတယ်။ သူ့ပြိုင်ဘက် အနေနဲ့ Nexus 7, iPad mini နဲ့ Samsung Galaxy Tab တို့ ရှိမှာ ဖြစ်ပါတယ်။ LTE ဗားရှင်း ထုတ်လုပ် ထားခြင်း တစ်လ အတွင်း ဖြန့် ချိ ရောင်းချ တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

Aung Kham

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Samsung Galaxy S5 နဲ့ တွဲသုံးမယ့် Headphon

 headphone

ယခု ထွက်ရှိတဲ့ Samsung Galaxy S5 အတွက် Accessory ပစ္စည်း များဟာ အရင်က ထုတ်ခဲ့ဖူတဲ့ ဟာတွေနဲ့ လုံးဝ မတူတော့ပဲ တစ်မူထူးခြား ကွဲပြား လာပါတယ်။ Samsung ကိုယ်တိုင် ထုတ်လုပ်တဲ့ ပစ္စည်းများ ဖြစ်ပါတယ်။ အဲ့ဒီထဲက အထူးခြားဆုံး တစ်ခုကတော့ Head Phone ဖြစ်ပါတယ်။ Beat by Dr.De လို ပုံစံ ရှိတဲ့ ခေါင်းစွပ် နားကြပ် ဖြစ်ပြီး လူငယ် User များအတွက် အထူးသင့်တော်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။ ဝယ်တဲ့ ဗူးမှာ ပါတဲ့ Original headphone ကလည်း ကောင်းပါတယ်။ Music အပိုင်းကို ခရေဇီ ဖြစ်ပြီး Bass သံ ကြီးကြီးကိုမှ ကြိုက်သူ နားထောင်ချင်သူများအတွက် Samsung SoundII (EO-OG900) ကို ဝယ်သုံး သင့်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာ သေးပါဘူး။ ဒီဇိုင်းလှတဲ့ စမတ်ဖုန်း အပိုပစ္စည်းများ အဖြစ် Samsung မှ စတင် မိတ်ဆက လာခြင်း ဖြစ်ပါတယ်။ .

Ref: pocketlint / Aung Kham

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Monday, March 24, 2014

ဖုန်းလာရင် မီးလင်းလာမည့် LG ရဲ့ ပထမဆုံး စမတ်မီးသီး ( $ 32 )

Smart Bulb

LG ဟာ သူတို့ရဲ့ Concept ပေါ်မှာ ထို စမတ်မီးအိမ်ကိုစတင် ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ 10 ၀ပ် အားရှိတဲ့ မီးသီးဟာ Android နဲ့ iOS အသုံးပြုသူတွေဆီကို မီးထွန်းနိင်ခြင်းထက်ပိုတဲ့ လုပ်ဆောင်မူမျိုးကို ရင်းနှီးစေခဲ့ပါတယ်။ Alarm နာရီ သတိပေးမူတွေ၊ Security mode တွေကို  အလင်း အခြေခံကာပြုမူနိင်စေမှာ ဖြစ်ပါတယ်။ အလင်းရောင်အိမ်မှာ ရှိနေစေခြင်းဖြင့် သင့်ဟာ အိမ်မှာ ပဲဆိုတာ တစ်ခြားသူတွေ သိစေတာမျိုး ဖြစ်ပါတယ်။ App တွေနဲ့ ထိန်းချုပ်ရမှာ ဖြစ်ပြီး ဖုန်းလာလို့ရှိရင် မီးအိတ်က ဖလတ်ရှ်နဲ့ သတိပေးမူတွေ ပြုသွားမှာ ဖြစ်ပါတယ်။ ဒီတော့ သင့်ဟာ မိမိအိမ်ကို ခေတ်သစ်နည်းပညာတွေနဲ့ ပြောင်းလဲချင်ခဲ့လို့ရှိရင်တော့ ရိုးရိုး မီးအိတ်တပ်ဆင်မဲ့နေရာမှာ ထို ဒေါ်လာ ၃၂ တန် မီးသီးဖြင့် အစားထိုးသုံးစွဲကာ ပြောင်းလဲနိင်မှာ ဖြစ်ပါတယ်။ ၃၂ ဒေါ်လာဆိုတာကတော့ ပုံမှန် LED မီးလုံးတစ်လုံးနဲ့စာလျှင်တော့ အနည်းငယ်ဈေးကြီးနေတာတော့ အမှန်ပါပဲ ။ 

Aung Hein

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Saturday, March 22, 2014

LG နဲ့ Samsung ဖုန်းတွေကို အမေရိကန် အိမ်ဖြူတော် သုံးစွဲရန် စမ်းသပ်

blackberry

US အစိုးရအနေနဲ့ Security ပိုင်းဖက်မှာ လုံခြုံစိတ်ချရတဲ့ Blackberry ဖုန်းတွေကို သုံးစွဲလာခဲ့တာဟာ ဖြင့် အချိန်ကြာခဲ့ပါပြီ။ အခု အခြား Android ဖုန်းထုတ်လုပ်သူတွေ ဖြစ်တဲ့ တောင်ကိုးရီယားအခြေစိုက် LG နဲ့ Samsung ကို အေဂျင်စီက အတွင်းဖက် နည်းပညာ အသင်းက စမ်းသပ်လျက်ရှိပြီး ယခုသုံးစွဲလျက်ရှိသော Blackberry ဖုန်းနေရာမှာ အစားထိုးမှာ ဖြစ်တယ်လို့ ယူဆရပါတယ်။ Blackberry ကုမ္ပဏီရဲ့ပြောကြားမူအရ US အစိုးအရအနေနဲ့ ဖုန်းလုံခြုံရေးပိုင်း၊ တန်ဖိုးသက်သာမူတွေအတွက် ဌင်းတို့၏ တံဆိပ်ကိုပဲ ဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။ Samsung နဲ့ LG တို့လိုအခြားပြိုင်ဘက် ကုမ္ပဏီတွေဟာ US အစိုးရအတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေနဲ့ တရားဝင် လက်မှတ်တွေ မရှိဘူးလို့ သိရပါတယ်။

Aung Heine

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Monday, March 17, 2014

Apple ဈေးသက်သာ 8GB iPhone 5c ထွက်နိင်ဖွယ်ရှိ

Talkband B1

Apple ဟာ iPhone 5c ကိုရောင်းချမူနဲ့ ပတ်သက်ပြီး ဘယ်လောက်လောက်ရောင်းချ ခဲ့ရတယ်ဆိုတာ ပြောကြားခြင်း မရှိခဲ့ပါဘူး။ ကြားနေရတဲ့ အတိုင်း ဆိုရင် 5C လိုပဲ ဈေးသက်သာ 5c ဖုန်း မထုတ်ဘူးလို့ ဆိုလိုတမာ မဟုတ်ပါဘူး။ ဂျာမနီနိင်ငံကနေ ပေါက်ထွက်လာတဲ့ သတင်းအရ ယခုလက်ရှိ 16GB မော်ဒယ်လ် ထက် ယူရို ၆၀ လောက်သက်သာတဲ့ 8GB ဗားရှင်းကို ဖြန့်ချဖို့ ရှိတယ်လို့ သိရပါတယ်။ တိကျစွာ ပြောကြားနိင်ခြင်းမရှိသေးသော်လည်း ဂျာမနီမှာ ဖြစ်နေတဲ့ ဟတ်ဝဲလ် ချုံထားခြင်းကိစ္စဟာ အမှန်ဆိုလျှင် ကမ္ဘာ့ တစ်ဝှမ်းကိုလည်း ရောင်းချနိင်မှာ ဖြစ်ပါတယ်။
Aung Heine

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Networking ပညာရပ် အခြေခံကို အွန်လိုင်းမှာ အခမဲ့ လေ့လာမယ်

networking

ကွန်ပြူတာ Networking ပညာရပ်ကို ယခုမှ စတင်လေ့လာ ဖို့ ပြင်ဆင် နေသူများအတွက် အကောင်းဆုံး ဖောင်ဒေးရှင်း ပေးမှာပါ။ လိပ်စာကတော့ - https://learningportal.juniper.net/juniper/resources/courses/golden/netfun/netfun_course/course_start.html အမေရိကန် Juniper ကုမ္ပဏီက ဖြစ်ပါတယ်။ Cisco မဟုတ်ပါဘူး။ သို့ပေမယ့် အခြေခံကျတဲ့ Network Foundation က အတူတူပါပဲ။ သင်ခန်းစာ ၅ နာရီကြာမြင့်ပါတယ်။
တစ်ခေါက်ထဲနဲ့တော့ မရနိုင်ပါဘူး။ Test လည်းပါရှိပြီး final challenge လည်း ဖြေလို့ရပါတယ်။ ပြီးရင် ကိုယ့် အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာပါ တစ်ခါတည်း ထွက်ရှိလာမှာပါ။ Juniper မှာ Network အင်ဂျင်နီယာ ဖြစ်လိုသူများအတွက် အခမဲ့ သင်ကြား ပေးတဲ့ Course ဖြစ်ပါတယ်။ အသံနဲ့ ဗီဒီယိုဖိုင်ပါ။ ၅ နာရီ ကြာမြင့်တဲ့ Assignment ကို သုံးခါလောက် လုပ်ပြီးရင် အခြေခံကျတဲ့ အချက်တွေ ရလို့ Network ပညာရပ်ကို လေ့လာသွားနိုင်မှာပါ။ အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။ .

Aung Kham ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Daft Punk ပြောတဲ့ ကွန်ပြူတာအသုံးချသူများအကြောင်း

computized

Daft Punk ဆိုတာကတော့ ပြင်သစ်နွယ်ဖွား Electronic ဂီတာပညာရှင် နှစ်ယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ပြင်သစ်နိင်ငံ ပဲရစ်မြို့ အခြေတည် ဂီတ အဖွဲ့တစ်ခု ဖြစ်ပြီး အများနဲ့ မတူတဲ့ နည်းပညာ ရောနှောပေါင်းစပ်မူ သီချင်းတွေ၊ စက်ရုပ်လူသား ပါဖောင်မန့်တွေနဲ့ တမူထူးခြားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ အခုထွက်ရှိလာတာကတော့ အမေရိကန် ရတ်ပါ့အဆိုကျော် Jay Z နဲ့ တွဲဖက်ဆိုထားတဲ့ Computerized သီချင်းပါ။ စာသားထဲမှာ လူတိုင်းက ကွန်ပျူတာကို လုပ်ငန်းခွင့်မှာ လက်တွေ့အသုံးချနေကြပါတယ်။ အဲဒီလိုပဲ သူလည်း Blackberry ကြီးကိုအသုံးပြုပြီး ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက် ငမ်းတဲ့ အကြောင်းကို Electronic ဂီတကိုသုံးပြီး ထူးခြားမူနဲ့တင်ဆက်ထားတာ ဖြစ်ပါတယ်။

နားဆင်ရန် >>> http://www.youtube.com/watch?v=EBYITSFsjvU

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Monday, March 10, 2014

Apple iOS 7.1 ရရှိပါပြီ...

iOS 7.1

Apple ရဲ့ နောက်ဆုံး Firmware update တစ်ခုဖြစ်တဲ့ iOS 7.1 ကို အခမဲ့အနေနဲ့ Apple's စတိုးတွေမှာ ရရှိနိင်နေပြီး ဖြစ်ပါတယ်။ ထို နောက်ဆုံးထွက် ဗားရှင်းထဲတွင် ရောနှောမူတွေအနေနဲ့ အနည်းငယ်သော အစိတ်အပိုင်း အသစ်တွေကို ပေါင်းထည့်ထားခဲ့တယ်လို့ သိရပါတယ်။ မိတ်ဆွေတို့ရဲ့ i device တွေမှာ လမ်းကြောင်းညွှန်ပြမူ ဦးတည်ချက်တွေပါ ပါဝင်လာခဲ့ပြီး iOS UI တွေလည်း အနည်းငယ် ပိုစမတ်ကျစေထားတယ်လို့ သိရပါတယ်။ အဓိက အချက်အနေနဲ့ iOS 7.1 တွင် CarPlay support ကို တိုးတက်မူအနေနဲ့ ပါဝင်လာခဲ့ပြီး iOS အသုံးပြုသူတွေအနေနဲ့ ဖြစ်လေ့ရှိတဲ့ ပြသနာတွေကိုလည်း တိကျအောင် ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ iOS 7.1 ကို i Phone အတွက်ဆိုလျှင် 14.GB ၊ i pad ဆိုလျှင် 1.5GB တွင် မိတ်ဆွေတို့ရဲ့ device ပေါ်မှ တိုက်ရိုက် ဒေါင်းလုပ်ခ် လုပ်သင့်ပြီး ကွန်ပျူတာပေါ်မှာ ဆိုရင် i Tune ကနေတစ်ဆင့် ရယူနိင်မှာ ဖြစ်ပါတယ်။

Aung Heine

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Sunday, March 9, 2014

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်ပြီ

Wne Changer

ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်ခဲ့တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။ အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။ အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြား အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။ .

Ref: pocketlint  / Aung Kham ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Huawei MediaPad X1 ထွက်ရှိ

 Huawei MediaPad X1 ထွက်ရှိ
============================
တရုတ်ပြည် အခြေဆိုက် Huawei ကုမ္မဏီမှ ထုတ်လုပ်တဲ့ ၇ လက်မ အရွယ် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး MediaPad X1 လို့ အမည်ရ ပါတယ်။

1920 x 1200 pixel resolution ရှိပြီး 323 ppi အရည်အသွေး ရှိပါတယ်။ ဘက်ထရီက 5000 mAh တောင် ရှိပါတယ်။ Processor က 1.6GHz HiSilicon Kirin910 quad-core ကို အသုံးပြု ပါတယ်။ ကင်မရာ လည်း ကောင်း ပါတယ်။ 13 Megapixel အရည်အသွေး ရှိပြီး Soney Exmor R BSI sensor ကို အသုံးပြုထားပါ သေးတယ်။ f/2.2 aperture ရှိပါတယ်။ ရှေ့မှာလည်း 5 Megapixel ကင်မရာ ပါဝင် ပါတယ်။ micro SD ကဒ်နဲ့ 32 GB ထပ်တိုးလို့ ရပါတယ်။

သူ့ပြိုင်ဘက် အနေနဲ့ Nexus 7, iPad mini နဲ့ Samsung Galaxy Tab တို့ ရှိမှာ ဖြစ်ပါတယ်။ LTE ဗားရှင်း ထုတ်လုပ် ထားခြင်း တစ်လ အတွင်း ဖြန့် ချိ ရောင်းချ တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
===============================

အောင်ခမ်း (www.mmsocialsky.com)

တရုတ်ပြည် အခြေဆိုက် Huawei ကုမ္မဏီမှ ထုတ်လုပ်တဲ့ ၇ လက်မ အရွယ် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး MediaPad X1 လို့ အမည်ရ ပါတယ်။

1920 x 1200 pixel resolution ရှိပြီး 323 ppi အရည်အသွေး ရှိပါတယ်။ ဘက်ထရီက 5000 mAh တောင် ရှိပါတယ်။ Processor က 1.6GHz HiSilicon Kirin910 quad-core ကို အသုံးပြု ပါတယ်။ ကင်မရာ လည်း ကောင်း ပါတယ်။ 13 Megapixel အရည်အသွေး ရှိပြီး Soney Exmor R BSI sensor ကို အသုံးပြုထားပါ သေးတယ်။ f/2.2 aperture ရှိပါတယ်။ ရှေ့မှာလည်း 5 Megapixel ကင်မရာ ပါဝင် ပါတယ်။ micro SD ကဒ်နဲ့ 32 GB ထပ်တိုးလို့ ရပါတယ်။

သူ့ပြိုင်ဘက် အနေနဲ့ Nexus 7, iPad mini နဲ့ Samsung Galaxy Tab တို့ ရှိမှာ ဖြစ်ပါတယ်။ LTE ဗားရှင်း ထုတ်လုပ် ထားခြင်း တစ်လ အတွင်း ဖြန့် ချိ ရောင်းချ တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

credit >>Naing Linn Aung (MMUG)

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Wednesday, March 5, 2014

အော်ရီဒူးကုမ္ပဏီ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်ခဲ့ပြီလို့ မတ် ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကွန်ရက်မှာ အသံလှိုင်းအရည်အသွေး စမ်းသပ်တာ၊ စာတိုပေးပို့တာနဲ့ အင်တာနက် အသုံးပြုတာတွေ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ သူ့ရုံးချုပ် အခြေစိုက်တဲ့ အမ်အိုင်စီတီ ပတ်စ် (MICT Park)နဲ့ အနီးနားပတ်ဝန်းကျင်မှာ စမ်းသပ်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၃၀ ရက်နေ့က အော်ပရေတာလိုင်စင်ရခဲ့တဲ့ အော်ရီဒူးဟာ ၆ လ အတွင်း မိုဘိုင်းဖုန်း ဆင်းကဒ်တွေ စတင်ရောင်းချနိုင်အောင် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

Ref >> Thithtoolwin / ဒီဗွီဘီ

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

ဖုန်းဖြင့်လျှပ်စစ်မီတာခ ပေးဆောင်သည့်စနစ် ယခုနှစ် စမည်

မိုဘိုင်းဖုန်းမှတစ်ဆင့် လျှပ်စစ်မီတာခ ပေးဆောင်နိုင်မည့်စနစ်ကို ယခုနှစ်အတွင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ရတနာပုံတယ်လီပို့မှ သိရ သည်။

''ဒီလထဲမှာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြု လုပ်သွားဖို့ ရှိပါတယ်။ ဒီလို ဆွေးနွေးမှု ထဲမှာ မိုဘိုင်းကတစ်ဆင့် မီတာဆောင် နိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်''ဟု ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မိုဘိုင်းငွေပေးချေမှုစနစ်များအတွက် ဘဏ်အများစုကို ဆွေးနွေး ညှိနှိုင်းထားပြီး အွန်လိုင်းငွေပေးချေမှုစနစ်ကို ဝန်ဆောင်မှု ပေးနေသည့် ဘဏ်များ အားလုံးပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

''ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးသွားမှာပါ''ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ရတနာပုံတယ်လီပို့သည် လျှပ်စစ်သုံးစွဲခများကို အွန်လိုင်းမှ တစ်ဆင့်ပေးချေနိုင်မည့် ဝန်ဆောင်မှုပေးနေပြီး ဘီလ်စနစ်ဖြင့် သုံးစွဲသည့် မို ဘိုင်းဖုန်းဘီလ်ဝန်ဆောင်မှု၊ ADSL လစဉ်ကြေးဝန်ဆောင်မှုများကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ CB ဘဏ်၊ မြန်မာအရှေ့ တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီ ဘဏ်တို့နှင့် ပူးပေါင်း၍ ရတနာပုံ ဝက် (ဘ်) ပိုတယ်လ်မှ ဝန်ဆောင်မှု ပေးနေသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေပေးချေမှု လုပ်ငန်းများကို ယခင်က လုပ်ကိုင်ခြင်းမရှိသေးသော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းကို အသုံး ပြု၍ နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်သည့် Y - talk စနစ်၊ မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲပြောင်း လက်ခံနိုင်သည့် မိုဘိုင်းဘဏ်စနစ်များကို လုပ်ကိုင်လာသည့်အတွက် ယခုနှစ်တွင် ဝန်ဆောင်မှု ပေးတော့မည့် မိုဘိုင်းအော်ပရေတာများကြောင့် ပိုမိုတွင်ကျယ်လာဖွယ်ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

Ref >> thithtoolwin / Popular Myanmar News Journal

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Window ဖုန်းသမားတွေအတွက် Facebook Messenger ရရှိပြီ။

facebook messenger

မိုက်ခ်ခရိုဆောလ်ကုမ္ပဏီက MWC မှာ ကြော်ငြာထားသည့်အတိုင်းပဲ ယခု Window ဖုန်းတွေအတွက် Facebook Messenger ဟာ ရောက်ရှိလာခဲ့ပါပြီး။ ထို App ဟာ ဖေ့ဘုတ်သုံးစွဲသူတို့ရဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ Chat အတွေ့အကြုံတွေနဲ့ Group စကားစမြည်မူတွေပါ ရရှိစေမည့်အပြင် Photo Sharing နဲ့ စတစ်ကာတွေပါ အသုံးပြုရရှိနိင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ပထမဦးဆုံး ဗာရှင်းဖြစ်တဲ့အတွက် Voice massenge တွေတော့ပါရှိလာခဲ့ခြင်း မရှိခဲ့ပါဘူး။ စိတ်ဝင်စားလို့ မိမိဖုန်းအတွက် ဒေါင်းချင်ရင်တော့ http://goo.gl/jZ3cZq တွင် ဒေါင်းလုခ် ပြုလုပ်နိင်ပါတယ်။ နောက်ထပ်တင်ပြချင်တဲ့ သတင်းတစ်ခုကတော့ Google နဲ့ Facebook အကောင့်တွေကိုအသုံးပြုပြီး Login ၀င်ခြင်းကို Yahoo! က ပိတ်ပင်လိုက်ပြီး ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ စပ်လျှဉ်းပြီး Yahoo က User တွေကို အကောင်းဆုံးသော personalized experience တွေကို ပေးစွမ်းချင်လိုပါလို့ ဆိုခဲ့ပါတယ်။ Yahoo ဟာ ထို Third-party Login ကို 2010 နှစ်ကတည်းက စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Aung Heine ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ

ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ Facebook Account ဖွင့်ထားတဲ့သူ အရေအတွက်က လက်ရှိမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိနေပါပြီ။ အဲဒီထဲကမှ ၁ ဒသမ ၁ သန်းက မိုဘိုင်းလ် ဖုန်းတွေကနေတစ်ဆင့် သုံးစွဲကြတာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာမီ ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ သုံးစွဲနိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ အရေအတွက် ပိုမို တိုးပွားလာရန်လည်း Facebook APAC က မျှော်မှန်းထားသည်။

အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည့် မြို့ကြီးများတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပြီး အားလုံးနီးပါး Facebook သုံးစွဲကြကာ ရေရှည်တွင် မိုဘိုင်းလ်ဖုန်း SIM Card နှင့် Handset ဈေးနှုန်းများ ပိုမိုသက်သာလာပါက Facebook သုံးစွဲသူ အရေအတွက် ပိုမိုလာမည်ဟု ပြည်တွင်းရှိ နည်းပညာဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။

Facebook က မြန်မာပြည်မှာ အသုံးအများဆုံး Social Network ပါပဲ။ အများစုက လူငယ်တွေပါ။ င်္ Facebook ကိုယ်တိုင်က Facebook For Business လို့ဆိုထားတော့ ဒီက လူငယ်တွေလည်း ဒီ Social Network ပေါ်ကနေ အခွင့်အလမ်းတွေ ရှာသင့်တယ်။ အခုနောက်ပိုင်းတော့ Online Shopping Page လိုဟာလေးတွေတော့ တွေ့လာနေရပါပြီ” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွင်း လက်ရှိ Internet Penetration (စုစုပေါင်း အင်တာနက် သုံးစွဲသူအချိုး) မှာမူ တစ်ရာခိုင်နှုန်းနှင့် တယ်လီဖုန်း သုံးစွဲသူပမာဏမှာ ဆယ့်တစ် ရာခိုင်နှုန်း ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံမှာ အင်တာနက် သုံးစွဲကြပြီး Facebook သုံးစွဲသူ အရေအတွက်မှာမူ ၁ ဒသမ ၂၂၈ ဘီလီယံအထိ ရှိနေကာ အာရှ၊ ပစိဖိတ် ဒေသအတွင်း သုံးစွဲသူ ၃၅၁ သန်းအထိ ရှိကြောင်း Facebook Inc က ထုတ်ပြန်ထားသည်။

Ref >> ThitHtooLwin / The Voice Weekly

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Monday, February 17, 2014

Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ Timeline Photo ကို Hacker များက ဖျက်ပစ်ခဲ့

နာမည်ကျော် လူမှုကွန်ယက်ဖြစ်တဲ့ Facebook ကို တည်ထောင်သူ Mark Zuckerberg ရဲ့ Timeline Photo ကို Hacker များက ဖျက်ပစ်ခဲ့ပါတယ်... Timeline Photo မရှိတော့တဲ့ Mark Zuckerberg ရဲ့ Timeline ကို အောက်က ဓါတ်ပုံမှာ မြင်တွေ့နိုင်ပါတယ်..

ဒီလို ဖျက်ပစ်ခံခဲ့ရတာကို Mark Zuckerberg အနေနဲ့ သတိမထားမိခဲ့ဘူးလို့ဆိုပါတယ်.. တကယ်တော့ Mark Zuckerberg ရဲ့ Timeline ဓါတ်ပုံဟာ မြက်ခင်းပြင်စိမ်းစိမ်းလေးနဲ့ ချစ်စရာကောင်းတဲ့ ခွေးငယ်လေးတစ်ကောင်ရဲ့ ဓါတ်ပုံကို တင်ထားတဲ့တာပါ။ Timeline Photo ကို ဖျက်ခံရပြီးနောက် ခုတော့ ကမ္ဘာ့မြေပုံ ပြာလဲ့လဲ့လေးနဲ့ လှပနေလေရဲ့။

Hacker က Mark Zuckerberg ရဲ့ Timeline ကိုဝင်ရောက်မွှေနှောက်သွားပုံကို အောက်က ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်..

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။