Welcome To Myanmar IT Sky

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Title(2)

Myanmar IT Sky ကိုကြွရောက်လာကြတဲ့မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ.......

Title(3)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(4)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(5)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(6)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(7)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(8)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(9)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Title(10)

Computer Software / Game နှင့် Mobile App / Game များကို မိမိစိတ်ကြိုက် ဒေါင်းယူပီး သုံးဆွဲနိုင်ပါတယ်ခင်ဗျာ. ကျေးဇူးပြုပီး Facebook Like လုပ်ပေး ဖို့တော့တောင်းဆိုပါတယ်ခင်ဗျာ. ကျေးဇူးတင်ပါတယ်....

Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Showing posts with label Information. Show all posts
Showing posts with label Information. Show all posts

Thursday, November 20, 2014

စစ်ကိုင်းမြို့၊ အ.ထ.က(၁)၊ ကျောင်းသားဟောင်းများရဲ့ အာစရိယပူဇော်ပွဲ ကျင်းပပါမည်



စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)၊ ကျောင်းသားဟောင်းများရဲ့ အာစရိယပူဇော်ပွဲကို

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၈) ရက်နေ့မှာကျင်းပမှာဖြစ်ကြောင်း .. ဝေးရပ်မြေဆီရောက်နေကြတဲ့

စစ်ကိုင်းသား / စစ်ကိုင်းသူ များ၊ အ.ထ.က(၁) ကျောင်းသား/သူ ဟောင်းများအား အသိပေးလိုက်

ပါတယ်ခင်ဗျာ ... မိမိတို့အနေနဲ့ အလှူငွေများထည့်သွင်းလိုပါက Ph : 400473681  သို့ဆက်သွယ်

လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ ...




အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Thursday, October 16, 2014

တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို ♪


Photo: တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို
==================================================

(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနောဆင်းမ်ကတ်များအား ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ကွန်ရက်ပြည့်စုံရန်လုပ်ဆောင်နေခြင်းကြောင့် နောက်ကျရခြင်းဖြစ်ပြီး မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများရရှိခဲ့သည့်အတွက် ရန်ကုန်၌ လည်း ကွန်ရက်ကျပ်တည်းမှု၊အဆင်မပြေမှုများဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာစဖြန့်တော့မျှော်မှန်းထားတာထက်အောင်မြင်မှုရပါတယ်။သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ်ဆိုပေမယ့်လည်း၉၀၀လောက်မှာပဲရောင်းချပေးခဲ့နိုင်တယ်။ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။3Gကလည်းသုံးစွဲသူတွေများတဲ့အတွက်အရည်အသွေးကျနိုင်ပါတယ်။အင်တာနက်နှေးနိုင်ပါတယ်။အဲဒါတွေမဖြစ်ရအောင်တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့တည်ဆောက်သွားမှာပါ။နေပြည်တော်မှာဆိုလည်းတာဝါတိုင်ပေါင်း၉၀နဲ့စခဲ့တယ်ဆိုပေမယ့်တစ်ချို့နေရာတွေမှာလိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ်ဖို့အတွက်တိကျအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနောဆင်းမ်ကတ်များအားစောင့်မျှော်နေကြသည့်လက်လီအရောင်းဆိုင်များ၊လက်ကားဖြန့်ဖြူးရောင်းချမည့်ဆိုင်ကြီးများအနေဖြင့်လည်းသုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများရှိနေပြီးသတ်မှတ်ရက်ကိုမူတိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ဆိုင်များထံမှသိရသည်။တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇကိုကို
(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနောဆင်းမ်ကတ်များအား ရန်ကုန်၌ ရာင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ ကွန်ရက်ပြည့်စုံရန်လုပ်ဆောင်နေခြင်းကြောင့် နောက်ကျ ရခြင်းဖြစ်ပြီး မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများရရှိခဲ့သည့်အတွက် ရန်ကုန် ၌ လည်း ကွန်ရက်ကျပ်တည်းမှု၊ အဆင်မပြေမှုများဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာစဖြန့်တော့ မျှော်မှန်းထားတာထက် အောင်မြင်မှုရပါတယ်။ သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ် ဆိုပေမယ့်လည်း ၉၀၀လောက်မှာပဲရောင်းချပေး ခဲ့နိုင်တယ်။ ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။ 3Gကလည်းသုံးစွဲသူတွေများတဲ့အတွက် အရည်အသွေးကျနိုင်ပါတယ်။ အင်တာနက်နှေးနိုင်ပါတယ်။ အဲဒါတွေမဖြစ်ရအောင် တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့ တည်ဆောက်သွားမှာပါ။ နေပြည်တော်မှာ ဆိုလည်းတာဝါတိုင်ပေါင်း ၉၀နဲ့စခဲ့တယ်ဆိုပေမယ့် တစ်ချို့နေရာတွေမှာ လိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ် ဖို့အတွက်တိကျအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။ တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနော ဆင်းမ်ကတ်များအား စောင့်မျှော်နေကြသည့် လက်လီအရောင်းဆိုင်များ၊ လက်ကားဖြန့်ဖြူးရောင်းချမည့် ဆိုင်ကြီးများအနေဖြင့်လည်း သုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများ ရှိနေပြီးသတ်မှတ်ရက်ကိုမူ တိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ ဆိုင်များထံမှ သိရသည်။ တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇကိုကို

TechSpace Journal



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Sunday, September 7, 2014

ဆက်သွယ်ရေးက ကျပ်ငါးထောင်ထက်နည်းသည့် ငွေဖြည့်ကတ်များ ရောင်းချမည်

GSM%20Phone%20%281%29
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းအသုံးပြုသူများ အဆင်ပြေစေရန်အတွက် တန်ဖိုးနည်းငွေဖြည့် ကတ်များ ထုတ်လုပ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ‘‘လက်ရှိမှာ ငွေဖြည့်ကတ်က အနည်းဆုံး ငါးထောင်တန်ပဲ ရှိသေးတယ်။ လူတိုင်းအလွယ်တကူဝယ်သုံးနိုင်တဲ့ နှုန်းထားနဲ့ တန်ဖိုးနည်းငွေဖြည့်ကတ်တွေ ထပ်ပြီး ထုတ်လုပ်သွားဖို့ ဆွေးနွေးနေပါတယ် ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုအင်ဂျင်နီယာ ချုပ်ဦးသိန်းဟုတ်ကပြောသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့်အူရီးဒူးသည် ၎င်းတို့၏ ငွေဖြည့်ကတ်များကို ငွေကျပ်တစ်ထောင်မှ စ၍ရောင်းချပေးနေသည့်အတွက် အဆိုပါနှုန်းထားမျိုးဖြင့် တန်ဖိုးအနည်းဆုံးဖြင့် ၀ယ်ယူအသုံးပြုနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက် မှစ၍ ၎င်းတို့၏ ၀န်ဆောင်မှုပုံစံများကို ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ခဲ့ပြီး ဆင်းမ်ကတ်များ အကန့် အသတ်ဖြင့် ရောင်းချခြင်း ပယ်ဖျက်၍ နိုင်ငံတစ်ဝန်းရှိ အရောင်းကိုယ်စားလှယ်များနှင့် လက်လီ အရောင်းဆိုင်များတွင် ရောင်းချပေးခဲ့သည်။ ထို့အပြင် MPT ဆင်းမ်ကတ်အသုံးပြုသူများအတွက် စက်တင်ဘာ ၄ ရက်မှ ၁၂ ရက်အတွင်း ငွေဖြည့်ပါက ငါးထောင်ကျပ်ဖြည့်လျှင် အပိုတစ်ထောင်ကျပ်နှင့် တစ်သောင်းကျပ်ဖြည့်လျှင် အပိုသုံးထောင်ကျပ်ရရှိမည့်အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားသည်။

7Day News Journa



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၁၅ စတင်ဖြန့်မည် အင်တာနက်နှုန်း သက်သာမည်ဟုဆို

50cf2a7049cb84e818cb2303b69154ab
 တယ်လီနောဆင်းမ်ကတ်များတွင် အသုံးပြုနိုင်မည့် ခန့်မှန်းခြေဒေတာပမာဏ နှင့်အင်တာနက်အသုံးပြုနိုင် မှုများကိုစက်တင်ဘာ၅ရက်ကထုတ်ပြန်ကြေညာလိုက်သော်လည်းကောက်ခံမည့်ဒေတာနှုန်းထားများကို မထုတ်ပြန်သေးသော ကြောင့်သုံးစွဲသူများက အူရီဒူးကလက်ရှိသတ်မှတ်ထားသည့်ဒေတာနှုန်းထားထက် သက်သာသည့်ဈေးနှုန်းမျိုး ဖြစ်စေလိုကြောင်း တယ်လီနောဆင်းမ်ကတ် ကိုအသုံးပြုလိုသူများက စက်တင် ဘာ ၅ ရက်၌ ပြောဆိုကြသည်။

ယင်းအတိုင်းအတာကို အင်တာနက်ဒေတာစနစ်ကောက်ခံ မှုနှုန်းထားကိုမထုတ် ပြန်မီ အင်တာနက်ဒေတာ စနစ်ကိုသုံးစွဲမည့် ပြည်သူများအနေဖြင့်နှိုင်းယှဉ် လေ့လာဆန်းစစ်နိုင်ရန် ချပြထုတ်ပြန်ပေး လိုက်ခြင်း ဖြစ်ကြောင်းတယ်လီနောမှ သိရသည်။  တယ်လီနောထုတ်ပြန်ထားသည့်ခန့်မှန်းခြေပမာဏများ အရ တယ်လီနောအင် တာနက်ဒေတာစနစ်100 MB လျှင်ဝက်ဘ်ဆိုက်စာမျက်နှာ ၃၀၀ ခန့်ကိုဝင် ရောက် ကြည့်ရှုနိုင်ခြင်း(သို့) သီချင်း ၁၀ ပုဒ်(သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀ ခု ကြည့်ရှုနိုင်ခြင်း၊အပလီကေးရှင်း ၃၂ ခုဒေါင်းလုတ်ဒ်ချနိုင်ခြင်းတို့ကိုဆောင်ရွက် နိုင်မည်ဖြစ်ပြီး 500 MB လျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၁၅၀၀ ခန့်ကို ၀င်ရောက် ကြည့်ရှုနိုင်ခြင်း(သို့) သီချင်းအပုဒ် ၅၀ (သို့) လေးမိနစ်စာဗီဒီယိုဖိုင် ၅၀ ကြည့်ရှု နိုင်ခြင်း၊ အပလီကေးရှင်း ၁၅၀ ဒေါင်းလုတ်ဒ်ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

အင်တာနက်အသုံးပြုမှု 1GBလျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၃၀၀၀ ခန့်ကိုဝင် ရောက်ကြည့်ရှုနိုင်ခြင်း (သို့) သီချင်းအပုဒ် ၁၀၀ (သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀၀ ကြည့်ရှုနိုင်ခြင်း၊ အပလီကေးရှင်း၃၂၀ ကို ဒေါင်း လုတ်ဒ်ချနိုင်မည်ဖြစ် ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။  "တယ်လီနောနဲ့ ပတ်သက်ပြီးတော့ ဆင်းမ်ကတ်ဖြန့်ဝေမယ့် စက်တင်ဘာလအ တွင်းကိုရောက်ရှိလာပါပြီ။ တယ်လီနော သုံးစွဲဖို့စောင့်မျှော်နေသူတွေအတွက် သက်သာတဲ့ ခေါ်ဆိုခနဲ့သက်သာတဲ့ အင်တာနက်ဈေးနှုန်းတွေကို မကြာမီရက်ပိုင်းအ တွင်းမှာပဲ အံ့သြ၀မ်းသာစရာ အသိပေးသွားတော့မှာပါ" ဟုတယ်လီနောမှတာဝန် ရှိသူတစ်ဦးကပြောသည်။

တယ်လီနောဆင်းမ်ကတ်များကိုယခု စက်တင်ဘာ ၁၅ ရက်တွင်စတင်ဖြန့်ချိ သွားမည်ဖြစ်ကာ ဖုန်းခေါ် ဆိုခမှာတယ်လီနောကွန်ရက်အချင်း ချင်းဖြစ်ပါက ၁၅ ကျပ်သာ ကျသင့်မည်ဖြစ်ပြီးအူရီဒူးနှင့် MPT ကဲ့သို့ အခြားကွန် ရက်များကိုခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်တစ်ခုလျှင် တယ်လီနောဆင်းမ်ကတ် ငါးကတ်ခန့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊၀န်ဆောင်မှုစတင်ချိန် တစ်လ အခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက အရောင်းဆိုင်များထံ မိတ်ဆက် စဉ် ပြောကြားခဲ့ကြောင်း အရောင်းကိုယ်စားလှယ်အချို့ထံမှသိရသည်။ ယင်းနှင့်ပတ်သက်၍ တယ် လီနော မြန်မာထံအတည်ပြုချက် ရယူခဲ့သော်လည်း ရက်ပိုင်းအတွင်း အတိအ ကျကြေညာ ပေးသွား မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်ကတော့ ဖုန်းခေါ်ဆိုခဈေးသက်သက်သာသာ နဲ့ဖြစ်ရုံမကအင်တာနက် အသုံးပြုမှုက လည်း ဒေတာနဲ့ကောက်မယ်ဆိုရင် အားလုံးအဆင်ပြေပြေ အသုံးပြု နိုင်မယ့်အနေအထားတစ်ခုဖြစ်စေ ချင်တယ် ဒီခေတ်ကလူမှုကွန်ရက်ဝက်ဘ်ဆိုက် တွေကလည်း အရေးပါလာပြီးလိုအပ်တဲ အပလီကေး ရှင်းတွေ သီချင်းတွေက လည်းအင်တာနက်လိုင်းကောင်းကောင်းနဲ့ဒေါင်းလုတ်ဒ်ချနိုင်မယ့်အနေအထား တစ်ခုကိုမျှော်လင့်ခဲ့တာကြာပြီ။ အူရီဒူးကတော့ အင်တာနက်ကောက်ခံနှုန်းက မြင့်တော့ သုံးတာတောင် ရင်တမမဖြစ်နေရတယ်။ ဒါကြောင့် တယ်လီနောကို တော့ဒီလိုမဖြစ်စေဖို့နဲ့ 1MB ကိုအများ ဆုံး နှစ် ကျပ်လောက်ထိတော့ထားပေးဖို့ မျှော်လင့်ထားတယ်။ ဒါဆိုရင် အားလုံးအဆင်ပြေပြေ သုံးနိုင်မယ်လို့ ထင်ပါ တယ်။ တယ်လီနောအနေနဲ့လည်း သုံးစွဲသူတွေတတ်နိုင်တဲ့နှုန်းထားဖြစ်အောင် လုပ်ပေးစေလိုပါတယ်" ဟုလှည်းတန်းနေအသက် (၂၉)နှစ်အရွယ်ကိုသက်အောင် က ပြောဆိုခဲ့သည်။   တယ်လီနောမြန်မာသည် ယခုလတွင်း ဖြန့်ဝေမည့် ဆင်းမ်ကတ်များကို 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည့် အတွက် အောက်ခြေလူတန်း စားများ အသုံးပြုနိုင်သည့်ဖုန်းဟန်းဆက်များ၌်လည်း ထည့်သွင်း အသုံးပြုနိုင်စေ မည်ဖြစ်ကြောင်း အာမခံထားသည်။
စံတော်ချိန်


အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Tuesday, September 2, 2014

တယ်လီနော ဆင်းမ်ကတ်များ ယခုလအတွင်း ရောင်းချမည်ဟု အတည်ပြု အင်တာနက် အသုံးပြုခ မထုတ်ပြန်သေး


တယ်လီနော ဆင်းမ်ကတ်များကို ယခုလ အတွင်း ရောင်းချ မည်ဖြစ် သော်လည်း စတင် ရောင်းချ မည့်ရက်ကို အတည်မပြုနိုင် သေးကြောင်း တယ်လီနော ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ ပြောသည်။
ဦးစိုးသူထွန်းက ''ဒီလထဲမှာ ရောင်းချမှာတော့ အတည်ပြုနိုင်ပါတယ်။ စတင် ရောင်းချမယ့် ရက်နဲ့ အင်တာနက်အသုံးပြုခကို မထုတ်ပြန်သေးပါ ဘူး''ဟုပြောသည်။
ဖုန်းခေါ်ဆိုခမှာ မည့်သည့်ဖုန်းကို မဆိုတစ်မိနစ် ၂၅ကျပ်နှုန်းကောက်ခံ သွားမည်ဟု ၄င်းကပြောသည်။ ဆင်းမ်ကတ်ဈေးနှုန်းကိုလည်း ကျပ် ၁၅ဝဝ ထက်မပိုသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ တယ်လီ နောအနေဖြင့် ဆင်းမ်ကတ်များမရောင်းချမီ Huawei ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာစာချုပ်စတင်ချုပ်ဆိုခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အရောင်းမြှင့်တင်မှုလုပ်ငန်းများ Huawei ၏ Portfolioကို တယ်လီနော၏ Channel များမှတစ်ဆင့် ဖြန့်ချိပေးခြင်းစသည့်ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်ဟုသိရသည်။
ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Ooredoo အနေဖြင့် ကျပ် ၁၅ဝဝ တန်ဆင်းမ်ကတ်များကို သြဂုတ်လဆန်းက စတင်ရောင်းချခဲ့ပြီး အင်တာနက်အသုံးပြုခအတွက် Data Base စနစ်ကိုအသုံးပြုကောက်ခံခဲ့ကာ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့ှ်Samsung နှင့်ပူးပေါင်းဆောင်ရွက်နေသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Saturday, August 23, 2014

သာမန်ထက်ပိုတဲ့ Logitech K830 ကီးဘုတ်

acerICONIAa1-830
ပုံမှန် ဂိမ်းဆော့သူတွေနဲ့ Desktop အသုံးပြုသူတွေအတွက် ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကြိုးမဲ့ ဖြစ်ပြီး လက်နဲ့ အသာလေးကောက်မကာ ဆိုဖာမှာ ထိုင်နေတဲ့အခါမှာတောင် PC ဆီကို လှမ်းဆက်သွယ်လို့ အသုံးပြုနိင်ပါတယ်။ မောက်စ် အတွက်လည်း ထပ်ပြီး ပူစရာမလိုပါဘူး။ ထို ကီးဘုတ်မှာပဲ တပါးတည်း Touch ကီးပတ်ကို ထည့်သွင်းပေးထားတာကို တွေ့မြင်နိင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ထို ကီးဘုတ်မှာရှိတဲ့ ခလုတ်တိုင်းမှာ အလင်းပြန်ပြီး အမှောင်ထဲမှာ မြင်နေစေတဲ့ Backlit ခလုတ်လိုမျိုးပါဝင်နေတာပဲ ဖြစ်ပါတယ်။ ထို ခလုတ်လေးတွေမှာ အာရုံခံ ဆင်ဆာပါဝင်တဲ့ အတွက် မိတ်ဆွေတည်ရှိနေတဲ့ အခန်းထဲမှာ ရှိတဲ့ အလင်းအရောင် အလင်းအမှောင် အပေါ်မူတည်ပြီး Backlight ရဲ့ သိပ်သည်းမူ အလင်းတောင်ပမူကို ပြောင်းလဲနိင်တဲ့ အစိတ်အပိုင်းတောင် ပါဝင်ပါသေးတယ်။ wireless ဆက်သွယ်မူ က 33 ပေထိ ရရှိနိင် ပြီး သေးငယ်တဲ့ receiver လေးနဲ့ အတူ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Thursday, August 21, 2014

အော်ရီဒူး အင်တာနက် Package Plan အသစ်ကြေညာ


အင်တာနက်အသုံးပြုခတွေ ဈေးနှုန်းမြင့်နေတယ်လို့ ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရပြီး မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှု ပေးနေတဲ့ ကာတာပိုင် အော်ရီဒူး ကုမ္ပဏီဟာ သူရဲ့ နောက်ထပ် အင်တာနက်ဝန်ဆောင်မှု အသစ်တွေနဲ့ နှုန်းထားသစ်တွေကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နဂို အင်တာနက် Package Plan တွေမှာ အများဆုံး ၁ ဂျီဘီအထိပဲ ပါပြီး အခုနောက်ထပ်
အစီအစဉ်မှာတော့ ၂ ဂျီဘီကို ကျပ် ၁၉၀၀၀၊ ၅ ဂျီဘီကို ကျပ် ၄၅၀၀၀ နဲ့ ၁၀ ဂျီဘီကို ကျပ် ၇၉၀၀၀ လို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။

Package Plan တွေအားလုံးရဲ့ သက်တမ်းဟာ ရက်ပေါင်း ၃၀ ဖြစ်ပြီး ဖုန်းနံပတ် ၂၂၃၈ ကို နှိပ်ပြီး ရယူနိုင်ကြတယ်လို့ ကြေညာထားပါတယ်။

နဂို အစီအစဉ်တွေမှာတော့ ၁ ရက်အတွင်း ၃၀ အမ်ဘီ အသုံးပြုရင် ကျပ် ၅၀၀၊ ၁ ပတ်အတွင်း ၂၀၀ အမ်ဘီ အသုံးပြုရင် ကျပ် ၃၀၀၀၊ ၁ လအတွင်း ၁ ဂျီဘီ အသုံးပြုရင် ကျပ် ၁၂၀၀၀ စတဲ့ Package Plan တွေ ကြေညာထားပြီး ဖြစ်ပါတယ်။

credit >> သစ်ထူးလွင်



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Thursday, March 20, 2014

မြန်မာပြည်မှာ အရေအတွက် များနေပြီ ဖြစ်တဲ့ Rolls-Royce ဇိမ်ခံကားများ


ဗြိတိန် နိုင်ငံအခြေဆိုက် ကမ္ဘာ့ အကြီးဆုံး ဇိမ်ခံကား နဲ့ စက် အင်ဂျင် ထုတ်လုပ်ရေး ကမ္မဏီ တစ်ခု ဖြစ်တဲ့ Rolls-Royce ကို မြန်မာတွေ သိတာ သိပ်မကြာ သေး ပါဘူး။ ၂၀၁၂ နှစ်ကန်ုက စလို့ သူ့ရဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကားတွေ မြန်မာပြည်ကို အရေအတွက် အတော်များများ ဝင်လာနေပြီ ဖြစ်ပါတယ်။

www.rolls-roycemotorcars.com မှာ ယနေ့ ထုတ်လုပ် ဖြန့်ချိနေတဲ့ ကားများကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ မြန်မာပြည်ကိုလည်း နောက်ဆုံးပေါ် ဈေးအကြီး ဆုံး ဖြစ်ပါတယ် Rolls-Royce များ ဝင်နေတာကို အံ့မခန်း တွေ့ရှိခဲ့ ပါတယ်။ မြန်မာ ကျပ်ငွေ နဲ့ သိန်း ၅၀၀၀ အထက် မှာ ရောင်းချပြီး ပြည်တွင်းမှာ ဝယ်ယူသူများ လည်း အများအပြား ရှိနေ ပါတယ်။ Rolls-Royce Ghost, နဲ့ Wraith ကတော့ အဓိက အားဖြင့် ထွက် ရှိ တဲ့ မော်ဒယ် ၂ မျိုး ဖြစ်ပါတယ်။ Wraith က ပိုပြီးတော့ ဈေးကြီး သလို အဆင့်လည်း မြင့်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ မြန်မာပြည် ရောက် Rolls-Royce Wraith ဟာ ၂၀၁၄ ခုနှစ် မော်ဒယ် ဖြစ်ပြီး တံခါး ၂ ပေါက်ပါ ပြိုင် ဆလွန်း ဖြစ်ပါတယ်။

အင်ဂျင် အရွယ် ၆၆၀၀ စီစီ ပါဝင်ပြီး ဆလင်ဒါ ၁၂ လုံးပူး တာဘို နှစ်လုံးပူး ပေါင်းစပ် ထားပေး ပါသေးတယ်။ ဂီယာ ၈ ချက်ထိုး အော်တို အမျိုးအစားကို အသုံးပြုထား ပါတယ်။ ဇိမ်ခံ ပစ္စည်းနဲ့ နည်းပညာ ပေါင်းစပ် ထည့်သွင်း ထားမှုက ပြောစရာ မရှိလောက်အောင် ကို ပြည့်စုံ ပြီးသား ဖြစ်ပါတယ်။ ယင်းကားကို www.motors.com.mm က Rolls Royce category မှာ မြင်တွေ့ လိုက်တာ ဖြစ်ပါ တယ်။

ရန်ကုန် မြို့တွင်းက Show Room အချို့မှာလည်း တင်ရောင်းလျက် ရှိကြောင်း သိရ ပါတယ်။






Thursday, February 6, 2014

မြန်မာပြည်မှာ အွန်လိုင်းအရောင်းအဝယ်အတွက် အပြင်မှာသာ လုပ်နေရ


လက်ရှိ မြန်မာပြည်မှာ အွန်လိုင်း ဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်များစွာ ပေါ်ပေါက် လာပေမယ့် အရောင်းအဝယ် ဖြစ်ဖို့ အတွက် ငွေပေးချေမှုက အပြင်မှာပဲ ဖြစ်ပါတယ်။ ဒါကို နိုင်ငံခြားသား တစ်ဦးနဲ့ စကားပြောဖြစ်လို့ပြောတဲ့အခါ သူ အင်မတန် အံ့သြသွားပါတယ်။

အွန်လိုင်း အရောင်းအဝယ် ဝဘ်ဆိုဒ်များအနေနဲ့ အပြင်မှာပဲငွေပေးကြ ဆိုတော့ ဘာများ ထူး လို့လဲပေါ့။ သို့ပေမယ့် ဒါကိုလည်း နိုင်ငံတကာ အွန်လိုင်းဈေးရောင်းဈေး ဝယ် ဝဘ်ဆိုဒ်နဲ့ စီးပွားရေး ပညာရှင်ဖို့ ချခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဟောင်ကောင် တို့လို ကျဉ်းလွန်းတဲ့ နိုင်ငံမှာ အွန်လိုင်း ဈေးရောင်းဈေးဝယ် လုပ်ဖို့အတွက် အွန်လိုင်းကနေတောင် အော်ဒါမမှာပဲ ဖုန်းဆက်ပြီး စမှာခဲ့ကြတာ ဖြစ် ပါတယ်။ အွန်လိုင်း စာမျက်နှာက သတင်းအချက် အလက် ဖော်ပြထားတဲ့ နံရံကပ် စာစောင် တစ်ခုအလားပါပဲ။ ယနေ့အချိန်အထိလည်း ဖုန်းနဲ့ အော်ဒါမှာတဲ့ စနစ်ကို အွန်ုလိုင်းဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်တွဲမှာ အော်ဒါမှာ စနစ်တစ်ခုအနေနဲ့ တွဲထား ပေးဆဲ ဖြစ် ပါတယ်။ အွန်လိုင်းကနေ မှာယူမှုကိုတော့ ပိုလုပ်နေကြပါပြီ။
လက်ရှိ မြန်မာပြည် မှာတော့ အွန်လိုင်းငွေပေးငွေချေ စနစ်က အဆင် မပြေနိုင်သေး ပဲ ဖြစ်နေ ပါတယ်။ နည်းပညာ အမျိုးမျိုး၊ စနစ် အမျိုးမျိုးပေါ်လာပေ မယ့် ပြင်ပငွေပေး ၊ငွေချေ စနစ်နဲ့ ဆက်စပ်နေရဆဲ ဖြစ်ပါတယ်။

ဒီအတွက် စနစ်ကြီး တစ်ခု လုံး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာ အစိုးရ နည်းပေါ်လစီနဲ့လည်း သက်ဆိုင်ပါသေး တယ်။ အကယ်၍ နိုင်ငံတကာမှာ အသုံးပြုနေကြတဲ့ Paypal, Mastercard များကို မြန်မာနိုင်ငံသားတို့ တရားဝင် အသုံးပြုခွင့် ရလာမယ်ဆိုရင် အွန်လိုင်းအခြေခံ စီးပွားရေး လုပ်ငန်းများ အရှိန်ဟုန်နဲ့ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ ဒါကြောင့်မို့ လက်ရှိ သွားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းက ဝန်ဆောင်မှု ဝဘ်ဆိုဒ်ပဲ ဖြစ်ပါတယ်။ အရောင်းအဝယ် မလုပ်ပေးပဲ၊ အရောင်းအဝယ်လုပ်ရန် သတင်းအချက်အလက်များကို ဝန်ဆောင်မှု ပေးခြင်း က လက်ရှိအခြေအနေမှာ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာပြည် မှာ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များစွာ ပေါ်လာပါတယ်။ အိမ်ခြံမြေ ဝဘ်ဆိုဒ် မှာဆိုရင် www.house.com.mm လိုမျိုး၊ ကားအရောင်း အဝယ်အတွက် www.motors.com.mm တို့လိုမျိုး ပစ္စည်းအရောင်းအဝယ်အတွက် www.ads.com.mm လို မျိုး အစရှိသဖြင့်တို့ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သူတို့ကျတော့ အရောင်းအဝယ်ဖြစ်ဖို့အတွက် ငွေပေးငွေချေ စနစ်ကိုထည့်သွင်းမထား ပဲ ရောင်းသူ၊ ဝယ်သူများကိုသာ သတင်းအချက်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

ငွေဝင်တဲ့ နည်းလမ်းကျတော့ အဖွင့်စာမျက်နှာမှာ ဦးစားပေးဖော်ပြခံရတဲ့ ကုမ္မဏီ ကို ငွေကောက်ယူခြင်းမျိုးသာ ရှိပါတယ်။ အကယ်၍ အရောင်း အဝယ် ငွေချေ စနစ်တွေသာထည့်မယ်ဆိုရင် ဒါတွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ်။ သက္ကရာဇ် ၂၀၁၅ ခုနှစ်အပြီးမှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းအခြေစိုက် စီးပွားရေး လုပ်ငန်း များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။




Thursday, November 7, 2013

ကျွန်တော်တို့ Cyber Command တွေ လိုအပ်လာပြီလား?


အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၃ နာရီ အချိန်လောက်က You Tube မှာ
ကမ္ဘာ့ နာမည်ကြီး hacker အဖွဲ Anonymous ကလို့ ယူဆရတဲ့ video
တစ်ခု တက်လာ ခဲ့ပါတယ်။ Anonymous ရဲ့ သင်္ကေတ ဖြစ်တဲ့ Guy Fawkes
မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး အသံကိုပါ ဖျက်ထားတဲ့ ဗီဒီယိုထဲက ပုဂ္ဂိုလ်က
စင်ကာပူ နိုင်ငံ အစိုးရကို ချိန်းခြောက် ထားတာပါ။ အရင်က အွန်လိုင်းမှာ အဲဒီ
မျက်နှာဖုံးနဲ့ ပုဂ္ဂိုလ်တွေရဲ့ မထင်မရှားပုံတွေ ၊ တိုက်ခိုက်သွားတာတွေ မကြာခဏ
 တွေ့ရပေမဲ့ ကျွန်တော် သိပ်စိတ်မဝင်စားခဲ့ပါဘူး။ အခုက စင်ကာပူ နိုင်ငံလို့
သိလိုက်ရတာကြောင့် ကျွန်တော် နည်းနည်း တုန်လှုပ်သွားတာတော့ အမှန်ပါ။
အမေရိကန် နိုင်ငံလို နိုင်ငံကို အဲဒီ မျက်နှာဖုံးစွပ်အဖွဲ့ ချိန်းခြောက်တိုက်ခိုက်ပေမဲ့
အမေရိကန်နိုင်ငံ အစိုးရမှာ Cyber Command လို့ သူတို့ ဆိုတဲ့ အင်တာနက်
တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးမယ့် အစိုးရ တပ်ဖွဲ့ ဆိုတာ အင်အား တောင့်တင်းတယ်
ဆိုတာ သိပြီးသားမို့ သိပ်မပူပန်မိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စင်ကာပူ နိုင်ငံ မှာ ဒီလို အင်အားတောင့်တင်းတဲ့ Cyber Command ဆိုတာမျိုး ရှိပါ့မလား ကျွန်တော် ကြံဖန်တွေး မိတာပါ။ ခြိမ်းခြောက်ချက်ကတော့ ကြောက်စရာပါ သူတို့ပြောတာကို မလုပ်ရင် စင်ကာပူ နိုင်ငံဟာ အသားစတွေကုန်အောင် တွတ်တတ်တဲ့ Piranha ငါးတွေ ရှိတဲ့ ကန်ထဲဆင်းရသလို ဖြစ်စေ ရမယ်လို့ ခြိမ်းခြောက် သွားခဲ့ပါတယ်။ ဘယ်လောက် စွမ်းဆောင် နိုင်မလဲ မသိရပေမဲ့ အသည်းတော့ ယားစရာ ကောင်းပါတယ်ဗျာ။ သူတို့က စင်ကာပူ နိုင်ငံ အစိုးရက အသစ်ချမှတ်လိုက်တဲ့ အွန်လိုင်း မီဒီယာ လိုင်စင် ဥပဒေကို မကျေနပ်တာကြောင့် အခုလို ခြိမ်းခြောက်မှု ပြုလုပ်တယ်လို့ ဆိုပါတယ်။
ကျွန်တော် ပြန်စဉ်းစားကြည့်တော့ တိုင်းပြည် တစ်ပြည်ကို အလွယ်ဆုံးနဲ့ အထိ အနာဆုံး ဖြစ်အောင် ၊ လူအင်အား အနည်းဆုံး နဲ့ တိုက်ခိုက် နိုင်တဲ့ နည်းက online ကပဲလို့ ထင်မိပါတယ်။ Boston Times သတင်းစာမှာ တစ်ခါတုန်းက Cyber Command တွေ အကြောင်းရေးတော့ သူတို့ရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြထားတဲ့ ပုံလေးက ကာတွန်း sketch လေးပါ။ ပလတ်ခေါင်းတွေ ၊ ကွန်ပျူတာ cable ခေါင်းတွေ ဆွဲထားပြီး အောက်က ပေါ်နေတဲ့ အရိပ်မှာတော့ တိုက်လေယာဉ်ပုံတွေ ဆွဲပြထားတာပါ။ ရိုးရိုးရှင်းရှင်း နဲ့ လိုရင်းကို ဆွဲပြနိုင်ခဲ့တဲ့ ပုံတစ်ပုံပါ။
၃၁ ရက်နေ့က စင်ကာပူ နိုင်ငံကို ခြိမ်းခြောက်သွားတဲ့ Anonymous ရဲ့ ဗီဒီယို က နေ့လည်ခင်း ၁ နာရီ ခွဲလောက်မှာ တက်လာပြီး သူတို့ ကိုယ်တိုင်ပဲ ညနေခင်းပိုင်းမှာ ဖျက်လိုက်ပြန်ပါတယ်။ Infocomm Development Authority of Singapore က ဒီကိစ္စကို ရဲတပ်ဖွဲ့မှ စုံစမ်းနေပါပြီလို့ အသိပေးထား ခဲ့ပါတယ်။ ရုပ်ရော အသံပါ ဖျက်ထားတဲ့ ဒီ video မှာတော့ သူတို့က Messiah ဆိုသူကို ရည်ညွှန်းပြောဆိုမှုတွေ ပြုသွားပြီး အဲဒီ Messiah ဆိုသူက လက်တလော စင်ကာပူနိုင်ငံ Ang Mo Kio Town Council ဝဘ်ဆိုဒ် ၊ PAP Community Foundation ဝဘ်ဆိုဒ် ၊ Sun Ho ရဲ့ official website တွေ ကို တိုက်ခိုက် ခဲ့မှုမှာ ပါဝင် ပတ်သက်နေတယ်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ YouTube video မှာတော့ Messiah ဆိုတဲ့ Anonymous အဖွဲ့ဝင် တစ်ယောက်တည်းတောင် ဒီလောက် စွမ်းဆောင်ခဲ့ရင် သူတို့ တစ်ဖွဲ့လုံး ရဲ့ တိုက်ခိုက်မှု ဆိုရင် ဘယ်လောက် တာသွားမလဲ စဉ်းစား ထားပါလို့ ပြောသွားပါသေးတယ်။
အစစ်လား ၊ Halloween မို့ ဝင်နှောက်တာလား ဘာလည်းတော့ မပြောတတ်ပါဘူး ။ သူက စင်ကာပူ နိုင်ငံသားတွေကို ချုပ်နှောင်ထားတဲ့ဒီ online media rule ကို ပြင်ပေးဖို့ နိုင်ငံသားတွေလည်း နိုဝင်ဘာ ၅ ရက်နေ့မှာ အနက်နဲ့ အနီ တွဲဝတ်ပြပြီး သူတို့ နဲ့ ပူးပေါင်းပါလို့ ပြောသွားပါသေးတယ်။ ဒီကိစ္စကို စင်ကာပူ နိုင်ငံက လက်ရှိ အချိန်မှာတော့ စုံစမ်း စစ်ဆေးနေပြီး ကျွန်တော်ကတော့ စိတ်ကူးထဲမှာ တကယ်ဖြစ်လာရင် ဆိုတာ တွေးနေမိပါတယ်။ စင်ကာပူ နိုင်ငံကတော့ အေးအေးလူလူ ဖြေထားပုံ ထောက်ရင်တော့ ပြင်ဆင်ထားပြီးတဲ့ Cyber Command ရှိနေပြီလို့ပဲ ယူဆမိ သလို ၊ မြန်မာနိုင်ငံမှာ ဆိုရင် ဆိုတဲ့ အတွေးနဲ့ ကျွန်တော် ဆက်ပြီး တွေးနေမိပါတယ်ဗျာ။


credit >> ကိုအောင်ကျော်(ပုသိမ်)





အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

Sunday, October 20, 2013

အင်​တာနက်​မသုံးဘပဲ ဖုန်း​ဘေလ် ဖြတ်​ခံရလျှင်

 

နိုင်ငံခြားမှဝယ်ယူအသုံးပြုသည့်ဟန်းဆက်အချို့မှာ 4G NETWORK ဖြစ်နေခြင်းကြောင့် 

အင်တာနက်သုံးရာတွင် ဖုန်းဘေလ်ဖြတ်တောက်ခံရမူများရှိနေပြီး Setting ပြန်လည်ပြင် ဆင်၍အသုံးပြုရန်လိုကြောင်း မြန်မာ့ဆက်သွယယ်ရေးမှထုတ်ပြန်ထားသည်။

ထိုသို့ငွေဖြည့်ကတ်နှင့်ပတ်သက်၍ GSM/WCDMA ဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၇၆ နှင့် CDMA450/CDMA800 Wallဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် CDMA800(MecTel) ဖုန်းများအတွက် 
၀၁-၆၅၆၉၉၄သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းမြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်ထားသည်။
 

Ref :





DOWNLOAD

LINK (1)

LINK (2)



အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။