
တယ်လီနော ဆင်းမ်ကတ်များကို ယခုလ အတွင်း ရောင်းချ မည်ဖြစ် သော်လည်း စတင် ရောင်းချ မည့်ရက်ကို အတည်မပြုနိုင် သေးကြောင်း တယ်လီနော ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ ပြောသည်။
ဦးစိုးသူထွန်းက ''ဒီလထဲမှာ ရောင်းချမှာတော့ အတည်ပြုနိုင်ပါတယ်။ စတင် ရောင်းချမယ့် ရက်နဲ့ အင်တာနက်အသုံးပြုခကို မထုတ်ပြန်သေးပါ ဘူး''ဟုပြောသည်။
ဖုန်းခေါ်ဆိုခမှာ မည့်သည့်ဖုန်းကို မဆိုတစ်မိနစ် ၂၅ကျပ်နှုန်းကောက်ခံ သွားမည်ဟု ၄င်းကပြောသည်။ ဆင်းမ်ကတ်ဈေးနှုန်းကိုလည်း ကျပ် ၁၅ဝဝ ထက်မပိုသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ တယ်လီ နောအနေဖြင့် ဆင်းမ်ကတ်များမရောင်းချမီ Huawei ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာစာချုပ်စတင်ချုပ်ဆိုခဲ့သည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ အရောင်းမြှင့်တင်မှုလုပ်ငန်းများ Huawei ၏ Portfolioကို တယ်လီနော၏ Channel များမှတစ်ဆင့် ဖြန့်ချိပေးခြင်းစသည့်ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်ဟုသိရသည်။
ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Ooredoo အနေဖြင့် ကျပ် ၁၅ဝဝ တန်ဆင်းမ်ကတ်များကို သြဂုတ်လဆန်းက စတင်ရောင်းချခဲ့ပြီး အင်တာနက်အသုံးပြုခအတွက် Data Base စနစ်ကိုအသုံးပြုကောက်ခံခဲ့ကာ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့ှ်Samsung နှင့်ပူးပေါင်းဆောင်ရွက်နေသည်။
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky
Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။
0 comments:
Post a Comment