အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Window 7 မှာ
ကွန်ပျူတာဖွင့်လိုက်ရင် Starting Windows ဆိုပြီး
ပေါ်လာတာရှိပါတယ်။ အဲဒီ့နေရာမှာ
မိမိနံမည်ပြောင်းပြီး
စိတ်ကြိုက်ပုံထည့်မယ်ဗျာ။
အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲလ်ကို
ဒေါင်းလိုက်ပါ။ အောက်မှာ
ကျွန်တော်ပေးထားပါတယ်။
ဒေါင်းပြီးရင် ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ။
Messages 2 ဆိုတဲ့ Tab ကို နှိပ်ပါ။ မိမိနှစ်သက်ရာနံမည်၊
Font colour ၊ Position ၊ Font size ရွေးပါ။
Messages 1 ဆိုတဲ့ Tab ကို နှိပ်ပါ။ မိမိနှစ်သက်ရာနံမည်၊
Font colour ၊ Position ၊ Font size ရွေးပါ။
အပေါ်က Tab လေးတွေကို နှိပ်ပြီး တော့လည်း
မိမိစိတ်ကြိုက် ပြင်ဆင်ပြောင်းလဲ
နိုင်ပါတယ်ခင်ဗျာ။ မိမိစိတ်ကြိက်ပြင်ဆင်ပြီးပြီဆိုရင်တော့
Apply ကိုနှိပ်ပြီး ကွန်ပျူတာကို restart ချလိုက်ပါ။
ကွန်ပျူတာပြန်တက်လာရင်တော့မိမိနံမည်နဲ့
စိတ်ကြိုက်ပုံလေးနဲ့လန်းနေပါပြီဗျာ..... :P
ကဲအားလုံးပဲ ကွန်ပျူတာအဖွင့်မှာ မိမိနံမည်နဲ့
စိတ်ကြိုက်ပုံလေးနဲ့
လန်းနိုင်ပါစေဗျာ။
&
credit >> ittharlay
Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ဗျာ
0 comments:
Post a Comment