အွန်လိုင်းလက်လီရောင်းခြင်းဟာ လွယ်ကူသည့် ဈေးရောင်းချခြင်း မဟုတ်သည့် နည်းတူစွာ ဈေးကွက်သုတေသနအသစ်တွေနဲ့ ဆန်းစစ်ချက်တွေ လုပ်ဆောင်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ဆိုဒ်ဘာကြောင့် ရောင်းအားကျရတာလဲ ဆိုတာကို အနည်းငယ်တော့ ကူညီနိင်ပါလိမ့်မယ်။ ဆိုဒ်ပေါင်း (၄၀၀) မှ (၃)နှစ်ကျော် ဈေးဝယ်သူတွေရဲ့ တုန့်ပြန်ချက်နဲ့ မကျေနပ်ရခြင်းအကြောင်းတွေကို
စုစည်းမူမှ အဓိက ပြသနာ (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ အဆိုပါ အဓိ ( ၁၀ ) ချက်ကတော့ အွန်လိုင်းဈေးဝယ်သူတွေ အများဆုံး သူတို့ ဈေးဝယ်တဲ့ ဆိုဒ်ပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေ ဖြစ်ပါတယ်။
၁)ဈေးနှုန်း
Qubit's research အရ အွန်လိုင်းဈေးဝယ်သူတွေကို ဆွဲခေါ်ထားနိင်မူမှာ ကုန်ပစ္စည်း တစ်ခုရဲ့ ဈေးနှုန်းဟာ သိပ်ကို မြင့်နေလားဆိုတဲ့ အရာသည့် သိပ်ကို အရေးကြီးပါတယ်။ဈေးဝယ်သူတွေဟာ အွန်လိုင်းပေါ်မှာ ဈေးပေးရတာကို အပြင်စတိုးဆိုင်တွေမှာ ဈေးပေးရတာထက် ပိုပြီး ထိတွေ့လွယ်ကြပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ ဆိုဒ်ပေါ်မှာ ရှိတဲ့ ဈေးနှုန်းတွေကို ဈေးကွက်တွေထဲမှာ ထက်သက်သာတဲ့ဈေးတွေ ဖြစ်စေပြီး အခြားသူများ မပေးနိင်တဲ့ ဈေးတွေ ပေးနိင်ဖို့က အရေးကြီးပါတယ်။
၂) ကုန်ပစ္စည်းထားသိုမူ
ဈေးဝယ်သူတွေဟာ အွန်လိုင်းတွင် ဈေးဝယ်ရခြင်းဟာ အကြောင်းအရာမျိုးစုံ ရှိပါတယ်။ အဓိက အကျဆုံး တစ်ခုအနေနဲ့ ကုန်ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိင်ဖို့ ဖြစ်ပါတယ်။ သူတို့ဟာ အပြင် စတိုးဆိုင်တွေမှာထက် ပစ္စည်းတွေကို ပိုမိုလွယ်ကူစွာ ရှာဖွေခြင်း ရှိလိုကြပါတယ်။ အဲဒီအတွက် သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရှိပါတယ်။ အဲဒါကြောင့် ဆိုဒ်ပေါ်မှာ ရောင်းချထားတဲ့ ကုန်ပစ္စည်းတွေကို ကုန်ပစ္စည်းအသစ်တွေအတွက် ရည်ညွှန်းတဲ့ စာရင်းတွေ၊ ရာသီစာ ပစ္စည်းတွေနဲ့ ဆက်နွယ်တဲ့ အုပ်စုလေးတွေနဲ့ ရှင်းရှင်းလင်းလင်း အကြံပြုထားတဲ့ ဆိုဒ်အင်ဂျင်တွေ ရှိဖို့ လိုပါတယ်။
၃)အရွယ်အစား
အွန်လိုင်း လက်လီဆိုဒ်တော်တော်များများဟာ ဈေးဝယ်သူတွေကို ပုံစံအတိုင်းပေးနိင်မဲ့ အတိုင်းမရှိကြပါဘူး။ ဥပမာ- အ၀တ်အထည်တွေ အတွက်ပေါ့။ အခြေခံတိုင်းတာတဲ့ Guide တစ်ခု ထည့်သွင်းပါဝင်ပေးတာက ဈေးဝယ်သူတွေဆီက ရရှိလာမဲ့ Complaint တော်တော်များများကို သက်သာစေနိင်ပါတယ်။
၎)ဆိုဒ်အစိတ်အပိုင်းအရေးပါမူ
Amazon ဆိုဒ်ရဲ့ Checkout ခလုတ် တစ်နာရီဒေါင်းရင်ဖြင့် လောလောဆယ် ရောင်းချမူတွေထဲက ဒေါ်လာ (၂) သန်း ဆုံးရူံးရပါတယ် လို့ဆိုပါတယ်။ ဒါကြောင့် ဆိုဒ်ရဲ့ အစိတ်အပိုင်းတွေဟာ ကောင်းစွာ အလုပ်လုပ်ဖို့ ပြုလုပ်ရပါမယ်။ ဆိုဒ်ရဲ့ event ထဲမှာ ဈေးဝယ်သူတွေနဲ့ relationship ကို ထိန်းသိမ်းနိင်စေဖို့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ အစိတ်အပိုင်းတွေ ထည့်သွင်းထားရပါမယ်။ ထိုကဲ့ သို့လုပ်ဆောင်ခြင်းဖြင့် သူတို့ ပြသနာ ရှိတဲ့အခါ ဖျော်ဖြေတဲ့ မေးခွန်တွေကို ပြန်လည်းဖြေဆိုပေးခြင်းဖြင့် အဆင်ပြေစေနိင်မှာ ဖြစ်ပါတယ်။
၅)ဖုံးကွယ်နေမူများ
ဆိုဒ်ကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုပါတယ်။ စိတ်မရှည်မူတွေကို ယူဆလို့ ပြင်ဆင်ရပါမယ်။ ခလုတ်တွေကို ရှာဖွေနှိပ်ဖို့က ရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့ ဆောင်ရှက်ခြင်းဖြင့် ဆိုဒ်ကို နေရာတွေ ပိုထွက်လာစေပြီး ကွန့်ပလိန်တွေကို ကင်းရှင်းစေပါတယ်။ ဒါကြောင့် ဖုံးနေတဲ့ issues တွေကို တိကျစေဖို့ လိုအပ်ပါတယ်။
၆) ဆိုဒ်ရှာဖွေမူ
သေချာပါတယ်။ ဆိုဒ်ရဲ့ Search bar ဟာ Google လောက် အလုပ်မလုပ်နိင်ဘူးဆိုတာ။ ဒီအတွက် ဈေးဝယ်သူတွေကို မူးဝေမသွားစေဖို့ ကုန်ပစ္စည် အမျိုးအစားကိုဖော်ပြတဲ့ ချိတ်ဆွဲတဲ့ စာတန်းတွေကို သေသေချာချာ နဲ့ Advance Search အစိတ်အပိုင်းတွေ ထည့်ထားဖို့ လိုအပ်ပါတယ်။
၇) သိုလှောင်ထားသော ပစ္စည်း ရရှိနိင်မူ
သိုလှောင်ထားသော ကုန်ပစ္စည်း ရရှိနိင်မူသည် ဈေးဝယ်သူတွေရဲ့ Complaint တွေဖြစ်ပေါ်လာစေတဲ့ အခြား အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးလေ့လာမူအရ အဆိုပါ Complaint ဟာ အနည်းအကျဉ်းသာ ဖြစ်ပွားလျက် ရှိပေမဲ့ မိတ်ဆွေတို့ရဲ့ ဆိုဒ်အတွက် ဟန်ဆောင်မူ ပြသနာ တစ်ရပ်ဖြစ်လာစေပါတယ်။ လေ့လာမူတွေအရ ဈေးဝယ်သူတွေ မကြာခဏ Complaint တက်တာက ကုန်ပစ္စည်းဟာ Stock ထဲမှာ ကြာရှည်စွာ မရှိပါဘဲ (သို့) ဆိုဒ်ပေါ်မှာ ဖော်ပြထားခဲ့လို့ ဖြစ်ပါတယ်
၈) လမ်းညွှန့်ပြသမူ
မိတ်ဆွေတို့ရဲ့ ဆိုဒ်အတွင်းမှာ ရှိတဲ့ Label တွေနဲ့ လမ်းညွှန်ပြသမူတွေဟာ မရှင်းလင်းဘူး ဆိုရင် ဈေးဝယ်သူတွေဟာ ထွက်ခွာ ကုန်ကြမှာ ဖြစ်ပါတယ်။ အဓိက ပစ္စည်းတွေ၊ ရောင်းချမူတွေကို Highlight တွေနဲ့ အမျိုးအစား မတူတဲ့ စာမျက်နှာတွေကို ရှာဖွေဖို့ လွယ်ကူအောင် ပြုလုပ်သေချာပါစေ။
၉) ဈေးလျော့များ/ ရောင်းချမူများ
ကွန့်ပလိန်တွေကို ဖြစ်ပေါ်လာစေတဲ့ အခြားတစ်ခုကတော့ ဒစ်စကောင့် ကုတ် Box ကိုရှာဖွေဖို့ ခက်ခဲစေတာပဲ ဖြစ်ပါတယ်။ ကူပွန်ကုတ်တွေနဲ့ ရောင်းချတော့မှာဆိုလျှင် အသုံးပြုဖို့ လွယ်ကူအောင် ဆောင်ရွက်ထား သင့်ပါတယ်။
၁၀) ရုပ်ပုံများ
မိတ်ဆွေတို့ရဲ့ ဆိုဒ်ဟာ လှပခြင်း မရှိဘူး ဆိုရင် ဒါဟာ ကိုယ်ဆိုဒ်ကိုကိုယ် ဖျက်ဆီးနေတာနဲ့ တူပါတယ်။ မျက်စိပဒေသ ဖြစ်ခြင်းဟာ အသုံးပြုသူတွေကို အရင်ဦးဆုံး မြင်တွေ့စေပြီး ဖတ်ရူခြင်း ကိုဖြစ်စေပါတယ်။ ဆိုလိုတာကတော့ ကုန်ပစ္စည်းတစ်ခုရဲ့ ပုံဟာ အခြားအရာတွေထက် ပိုအရေးကြီးပါတယ်။ လေ့လာမူတွေအရ ၀ယ်ယူအသုံးပြူသူတွေဟာ ၀ယ်ယူခြင်း မပြုလုပ်မီ ပုံတွေကို ကြည့်ဖို့ ပိုနှစ်သစ်တယ်လို့ ဆိုပါတယ်။
ပြီးတော့ ပုံမှန်အတိုင်း ခင်းကျင်းထားတဲ့ အ၀တ်အထည်တွေထက် မော်ဒယ်တွေ ၀တ်ဆင်ထားတဲ့ အကျီ င်္တွေကို ကြည်ရူချင်ကြပါတယ်။ ၀ယ်ယူသူတွေ ရေရှည်ရရှိနိင်ရန် ဗီဒီယိုတွေ၊ စုံလင်သော ပုံတွေထည့်ကာ ပြုလုပ်သင့်ပါတယ်။
ref >> Aung Heine ( www.smart.com.mm )
အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky
Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။
0 comments:
Post a Comment