Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Friday, March 14, 2014

ဝက်လ်ဆိုဒ် browser ထဲကနေ Skype ဖုန်းတွေပြောကြမယ်

third party

Skype App မလိုပဲ ဖုန်းပြောလို့ရမဲ့နည်းလေးတွေ့လို့ share ပေးလိုက်ပါတယ်ခင်ဗျာ. အောက်မှာ
သေချာဖတ်ပီး လုပ်ကြည့်လိုက်ပါဗျာ. 

Skype APP မရှိလည်း အဆင်ပြေပါတယ်။ ဒေါင်းရမှာ အချိန်ကုန်ပါသေးတယ်။ အသစ် plug-in တစ်ခု ဖြစ်တဲ့ Skype Video နဲ့ Voice call ကို မိုက်ခရိုလ်ဆော့လ်က ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ HD Voice နဲ့ Video call တွေကို အဆိုပါ မိုက်ခရိုလ်ဆော့ရဲ့ plug-in လေးနဲ့ အဆင်ပြေစေပါတယ်။ ၀င်ဒိုးကွန်ပျူတာတွေ၊ Internet Explorer 8 ၀င်ဒိုးတွေနဲ့ ဒီထက်မြင့်တဲ့ ကွန်ပျူတာတွေ၊ Mac ပေါ်က Chrome နဲ့ Firefox မော်ဒယ်လ် သစ်တွေ နှစ်ခုလုံးမှာ ရရှိနိင်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်-

-အရင်ဦးဆုံး Skype ခေါ်ဆိုမူတွေကို web ပေါ်မှာ ခေါ်ဆိုဖို့အတွက် Outlook.com မှာ အကောင့်တစ်ခုရှိရပါမယ်။ မရှိသေးရင်တော့ Free ရယူနိင်တာမို့ အကောင့် တစ်ခု ရယူလိုက်ပါ။

- အကောင့်ရှိပြီး ဆိုရင်တော့ အပေါ်ဘက်ညာဖက်မှာ ရှိတဲ့ message icon လေးကို

နှိပ်ရပါမယ်။ အဲဒီလိုဆိုရင် "Add people to chat with" ဆိုတဲ့ စာလေးကျလာပြီး Skype contacts ကိုရွေးရပါမယ်။

- ပြီးရင်တော့ ၀င်ဒိုး အသစ်တစ်ခုပေါ်လာပြီး Skype plug-in ကို install လုပ်မှာလားလို့မေးပါလိမ့်မယ်။ Get started ကိုနှိပ်ပြီး Skype ရဲ့ ပေါ်လစီတွေကို သဘောတူပြီး တာနဲ့ ဒေါင်းလုပ်ခ်ကို စတင်လုပ်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒေါင်းလုပ်ခ်ပြီးသွားပြီးဆိုလျှင်တော့ အဲဒီဖိုင်ရှိတဲ့နေရာကို ကလစ် နှစ်ချက်နှိပ်ရပါမယ်။ ပြီးရင်တော့ run ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Plug-in ဟာ စတင် install လုပ်နေတာကိုတွေ့ရပါလိမ်မယ်။ ဒါပြီးရင်တော့ စတင် skype က သူငယ်ချင်းတွေနဲ့ စတင်စကားပြောလို့ရပါပြီး တစ်ခြား Google အကောင့်က သူငယ်ချင်းတွေအပြင် facebook က သယ်ရင်းတွေနဲ့လည်း ချိတ်ဆက်နိင်ပါသေးတယ်။.  တစ်နည်းအားဖြင့် ဒါကို Third party အနေနဲ့ ခွင့်ပြုထားတယ်လို့ ဆိုနိင်ပါတယ်။

Aung Heine ( www.smart.com.mm )


အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment