
မိတ်ဆွေများအတွက် IT နည်းပညာနဲ့တော့မပါတ်သတ်
ပေမဲ့ ဗေဒင် ၊ ယတြာ တွေကိုယုံကြည်တဲ့မိတ်ဆွေများ
အတွက် ဆရာဟိန်းတင့်ဇော် ရဲ့အသုံးဝင်မဲ့နည်းလေးကို
ပြန်ပီး Share ပေးလိုက်ပါတယ်နော်.
တစ်နေ့တွင် ကျွန်ုပ်၏ ဗေဒင် ဟောခန်းအတွင်းသို့ ထိုင်းလူမျိုး သူဋ္ဌေးတစ်ဦးသည် သူ၏ ၀န်ထမ်းဖြစ်သူ စကားပြန် အမျိုးသား တစ်ဦးနှင့် အတူ ရောက်ရှိလာလေ၏။ ကျွန်ုပ်၏ အခန်းနံရံတွင် ပုံကြီးချဲ့၍ ချိတ်ဆွဲထားသော ဆရာသခင် အဘမင်းသိင်္ခ၏ ဓာတ်ပုံကို သေသေချာချာ ကြည့်၍ အသာအယာ ပြုံးလိုက်လေ၏။ ထို့နောက် အခန်းတွင်းတွင် ချိတ်ဆွဲထားသော အဆောင်ပုံများ ကျွန်ုပ်၏ ဓာတ်ပုံများကိုလဲ တစ်ပုံခြင်း တစ်ပုံခြင်း လိုက်ကြည့်နေလေ၏။ ထိုအချိန်တွင် ၎င်းသူဌေးနှင့် အတူပါလာသော စကားပြန် ဖြစ်သူက ကျွန်ုပ် ဗေဒင်ဟောသော နေရာတွင် လာရောက်ထိုင်ပြီးလျှင် အောက်ပါအတိုင်း ပြောပြလေ၏။
ဒီလိုပါဆရာ။ ဒီသူဋ္ဌေးက ဗမာ ဗေဒင်ဆရာတွေနဲ့ တွေ့ချင်တယ် ၊ တွက်ချင်တယ်လို့ ပြောလို့ ခေါ်လာခဲ့တာပါ။ အဓိက သူသိချင်တာက သူ အခု လုပ်မယ့် စီးပွားရေး လုပ်ငန်းအတွက် အကြံညာဏ် နည်းနည်းလောက် တောင်းချင်တယ်။ ယူချင်တယ်လို့ ပြောပါတယ်ဟု ပြောလေ၏။ ထိုအချိန်တွင် ၎င်း၏ သူဋ္ဌေးဖြစ်သူသည်လည်း ကျွန်ုပ်၏ ရှေ့သို့ ၀င်ရောက် ထိုင်လေ၏။ ကျွန်ုပ်လည်း ဗေဒင် ဟောခါနီး ထုံးစံအတိုင်း ၎င်း၏ အမည် မွေးနေ့ မွေးရက် မွေသက္ကရာဇ် များကို မေးပြီးလျှင် မြန်မာရိုးရာ ဗေဒင်ပညာ ရပ်များနှင့် တွက်ချက်ပြီး သေသေချာချာ ဟောပေးလိုက်၏။ ပြည်ပြည့်စုံစုံလည်း ဟောပေးလိုက်၏။ အားလုံးသော ဗေဒင်ဟောကိန်းများ ပြီးသွားလျှင် ထို ထိုင်းလူမျိုး အမျိုးသားသည် ကျွန်ုပ်ကို ကြည့်ကာ အောက်ပါ အတိုင်း မှတ်ချက်ချလေ၏။ ၎င်းပြောသော စကားကို ကျွန်ုပ် ကောင်းစွာ နားလည်လိုက်၏။ သူပြောသော စကားမှာ (ဗမာဗေဒင် မဆိုးဘူး။ မှန်တာများတယ်တဲ့)
ထို့နောက် ၎င်းက အကူအညီ နည်းနည်းလောက် တောင်းချင်တယ်။ အခုနောက်ဖွင့်မယ့် အလုပ်ခန်း ရုံးခန်းအတွက် ဆောင်ရန် ရှောင်ရန်လေးတွေ ညွန်ပြပေးပါဦးဟု တောင်းဆိုသောကြောင့် ကျွန်ုပ်လည်း အောက်ပါအတိုင်း ပြည့်စုံစွာ ပြောပြလိုက်လေတော့၏။
အလုပ်ခန်းနှင့်ပတ်သက်သော အခြေခံအယူအဆများ
အလုပ်ခန်း ၊ ဆိုင်ခန်းတို့ကို ရွေးချယ်ရာတွင် စတုရန်းပုံ ၊ ထောင့်မှန်စတုဂံ အလုပ်အခန်း နေအိမ်အခန်းများတွင် စီးပွားလုပ်၍ အကျိုးရှိတယ်။
ဘေးပတ်ဝန်းကျင် အဆောက်အဦးများနှင့် ယှဉ်က ချွန်ထွက် မြင့်မားနေသော အဆောက်အအုံများတွင် အလုပ်ခန်းဖွင့်ခြင်း နေထိုင်ခြင်းတို့ အလွန်ဆိုးသည်။ အမှီသဟဲ ကင်းလွတ်သည်ဟု ယူဆကြသည်။ အလွန်မြင့်သော အဆောက်အအုံများတွင် ရုံးခန်းဖွင့်ခြင်း ကို ရှောင်ကြ သည်။ မြေညီအောက် မြေအောက်ခန်းကဲ့သို့ နိမ့်ဆင်းသွားသော နေရာများတွင် အလုပ်ခန်း မဖွင့်လှစ်ရ။ လာဘ်ပိတ်ခြင်း ၊ စိတ်အနှောက်အယှက် ဖြစ်ခြင်းများ ရှိနိုင်သည်။
အလုပ်နေရာ အလုပ်ခန်းအတွင်း စာရွက်စာတမ်း ဖိုင်တွဲ အစရှိသည်တို့ကို စုပုံထားခြင်း ရှုပ်ထွေးအောင် ထားခြင်း မပြုရ။ အလုပ်စီးပွား ထိခိုက်ခြင်း ၊ လာဘ်ပိတ်ခြင်း ဖြစ်မည်။ အလုပ်ခန်းတွင် ရှင်းလင်းလေကောင်းလေ ဖြစ်မည်။ အလုပ်ခန်းတွင် ဖယောင်းတိုင် မထွန်းရ။ ဖယောင်းတိုင်မီး ( မီးဓာတ် သဘာဝ) သည် ချမ်းသာ ကြွယ်ဝခြင်းကို ကိုယ်စားပြုသော သစ်သားဓာတ်ကို လောင်ကျွမ်း၍ လာဘ်ပိတ်ခြင်း ငွေကုန်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
လုပ်ငန်းတွင် သွက်လက်မှု့ အင်အားကောင်းစေရန် ယန်ဓာတ်သဘာဝသည် အလွန် အရေးကြီးသည်။ ၎င်းဓာတ် သဘောဝ ကိုယ်စားပြုသော နဂါးရုပ်အား အလုပ်ဝန်းကျင်တွင် ထားရှိခြင်းဖြင့် ထူး ထူးခြားခြား ကောင်းခြင်း ဓာတ်ရရှိမည်။
မိမိ အလုပ်လုပ်သော အလုပ်ခန်း ရုံးခန်းအတွင်းသို့ အ၀င်အထွက် တစ်ပေါက်သာ ထားရမည်။ အ၀င်အထွက် တံခါးပေါက်များက ငွေမမြဲခြင်း ၊ လုပ်ငန်းတွင် လစ်ဟာခြင်း စိတ်အနှောက် အယှက်များခြင်း မျိုး ဖြစ်နိုင်သည်။ အလုပ်အခန်းအတွင်း ချစ်ခြင်း မေတ္တာနှင့် ပတ်သက်သော သင်္ကေတ အမှတ်အသားများ ။ အိမ်ထောင်ရေးရာနှင့် ပတ်သက်သော အမှတ် အသားများ မထားကောင်း။ လုပ်ငန်းနှင့် နှလုံးသား ရေးရာ ရောထွေးကာ လာလ်ပိတ်ခြင်း ဖြစ်တတ်တယ်။
အလုပ်နေရာ ဆိုင်ခန်းနေရာ တစ်ခုသည် အိမ်သာတစ်ခုအား မျက်နှာချင်းဆိုင် မူနေက လုံးဝ အကျိုးမရှိ၊ လာလ်ပိတ်တတ်တယ်။
လုပ်ငန်းတွင် ရန်အတိုက်အခိုက် များခြင်း၊ စိတ်အနှောက်အယှက်များခြင်း ရှိက အလုပ်နေရာတွင် လိပ်ခွံ တစ်ခု ထားရှိလိုက်ပါ။ အညံ့အဆိုး ကင်းစင်၍ အရာရာ အဆင်ပြေသွားမည်။
နှာမောင်း မြှောက်ထားသော ဆင်ရုပ်ပုံကို အလုပ်နေရာတွင် ထားရှိပါ။ ထူးထူးခြားခြား ကံကောင်းလာမည်။
အလုပ်ခွင်အတွင်း လှုပ်ရှားတိုးတက်မှု့ ယန်ဓာတ် သဘောဝ တိုးပွားစေရန် အလို့ငှာ ပတတ်ရပ်နေသော မြင်းပုံ၊ ဓာတ်ပုံ သို့မဟုတ် ပန်းချီကား ချိတ်ဆွဲပါ။ ၎င်းဓာတ်ပုံအား ငွေထားသော နေရာ အလုပ်စား ပွဲတွင် ထားပါ။ ထူးထူးခြားခြား ကံကောင်းလာမည်။
ငန်းရိုင်းတို့ လေတွင်ပျံဝဲသော ပုံကို ရေးဆွဲ၍ အလုပ်ခန်းတွင် ချိတ်ပါ။ အလုပ်ခန်း အ၀င်ဘက်တွင် ထားရှိရမည်။ ထူးထူးခြားခြား စီးပွားကောင်းခြင်း အလုပ်တိုးတက်ခြင်းများ ရှိမည်။
အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky
Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။
0 comments:
Post a Comment