Yx

Yx

Yx

Yx

Yx

A-ads

A-ads

A-ads

Yllix

Sunday, February 9, 2014

ဆော့ဝဲလ်မသုံးဘဲ command prompt ကနေ Folder များကို Lock ခတ်နည်း

 
Cover art

computer professional တစ်ယောက်ဟာဆိုရင် command prompt ကို သုံးစွဲရတာနှစ်ခြိုက်ပါတယ်။ computer ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ထိန်းချုပ်လို့ရတဲ့ command prompt အကြောင်းကို နောက် post များမှာ အသေးစိတ် ဖော်ပြပေးသွားပါမယ်။ အခုကတော့ မသိသေးတဲ့သတွေ software မသုံးပဲ command prompt ကနေ Lock ခတ်နည်းလေးပါ။ password တော့ မပါပါဘူး။ window က security
ပဲသတ်မှတ်ပေးတာပါ။ command နဲ့ထိန်းချုပ်ထားလို့ ဖွင့်လို့မရပါဘူး။ ဘာဆော့ဝဲလ်နဲ့သုံးသုံးဖွင့်လို့ မရပါဘူး။ command နဲ့ပြန်ဖွင့်မှပဲ ဖွင့်လို့ ရမှာပါ။ အရင်ဆုံး cmd ကိုဖွင့်လိုက်ပါ။ cmd ဖွင့်နည်းကို သိကြပါတယ်နော်။ Win key + R ကိုနှိပ် cmd လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်ပါ။
command prompt လေးကျလာပါလိမ့်မယ်။ ပထမဆုံး ကိုယ်ခတ်ချင်တဲ့ folder ကို ကြည့်လိုက်ပါ။
ဘယ် drive အောက်မှာရောက်နေလဲ။ ဥပမာ ကိုယ် lock ခတ်ချင်တဲ့ folder က D:\Ebook ထဲက Web ဆိုတဲ့ folder ကိုခတ်မယ်ဆိုရင်။ တစ်ဆင့်ချင်းဆီပဲ ပြောပြပါမယ်။

D: ဆိုပြီး Enter ခေါက်ပါ။
cd Ebook ဆိုပြီး Enter ခေါက်ပါ။
cacls Web /p everyone:n

ဆိုပြီး Enter ခေါက်လိုက်ပါ။ Yes or No တောင်ပါလိမ့်မယ်။ Y ဆိုရင် Yes ပါ။ N ဆိုရင် No ပါ။
အဲဒီမှာ တစ်ခုပြောချင်ပါတယ်။ ကိုယ်ခတ်ချင်တဲ့ folder ထဲကို မ၀င်ရပါဘူး။ ခတ်ချင်တဲ့ Folder ရဲ့ အပြင်ကပဲ command ပေးလိုက်ပါ။

Lock ပြန်ဖွင့်ချင်တယ်ဆိုရင်

cacls Web /p everyone:f  ဆိုပြီး Enter ခေါက်လိုက်ပါ။
Comfirm တောင်းရင် Y ကိုရိုက်ပြီး Enter ခေါက် လိုက်ပါ။ တကယ်လို့များ ပြန်ဖွင့်လို့များ Access is denied ဖြစ်နေလျှင် lock ခတ်ထားတဲ့ folder ကို Right-click ထောက်ပြီး properties ကိုရွေးပါ။ Security Tab ထဲမှာ Advanced ဆိုတဲ့
Button လေးရှိပါတယ်။ အဲဒီမှာ Owner tab ကိုရွေးပြီး Edit Button ကိုနှိပ်ပါ။ ပေါ်လာတဲ့ box မှာ
Administrator ကိုရွေးပေးလိုက်ပါ။ အဲဒါဆို lock ပြန်ပွင့်ပါပြီခင်ဗျာ။ အဆင်ပြေပါစေ။ တတ်နိုင်သလောက်တော့ အသေးစိတ်ရှင်းပြထားပါတယ်။

အမှားပါလျှင်လည်း ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။

credit >> ကိုအောင်ကျော် (ပုသိမ်)

အဆင်ပြေပါစေခင်ဗျာ........
Myanmar IT Sky

Download အဆင်မပြေရင် ကျေးဇူးပြုပြီးစာလေးရေးပြီးပြောခဲ့ပါဗျာ.. မိတ်တွေများအားလုံး အတွက် အဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာ။

0 comments:

Post a Comment